ကျောက်ဆည်မြို့မှ မိဘအုပ်ထိန်းသူများမသိဘဲ ထွက်ခွါလာသူ

အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ် (၃)ဦးအား စောင့်ရှောက်၍

မိဘများထံ ပြန်လည်အပ်နှံ

ရန်ကုန်၊စက်တင်ဘာ ၃၀

၂၉.၉.၂၀၁၆ရက်နေ့ ၁၄ဝဝအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊

(ဃ)ရပ်ကွက်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်ဖြစ်သူ

ဒေါ်ချိုချိုစန်းသည် မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ သုဓမ္မာ

လမ်းမကြီး၊ မြို့နယ်မီးသတ်ရုံးရှေ့လမ်းမပေါ်တွင် အသက်(၁၄)နှစ်အရွယ်

အမျိုးသမီးငယ် (၃)ဦးအားတွေ့ရှိသဖြင့် မေးမြန်းရာ ၎င်းတို့သည် မန္တလေး

တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ မိဘအုပ်ထိန်းသူများမသိဘဲ

ရန်ကုန်မြို့သို့ ထွက်ခွါလာခြင်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် ၎င်းမှမြောက်

ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးသို့ခေါ်ဆောင်ကာ

အပ်နှံပေးခဲ့ပါသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ရှိသူများက ထပ်မံမေးမြန်းခဲ့ရာ

၎င်းတို့(၃)ဦးသည် ကျောင်းသူများဖြစ်ကြောင်း၊ ၎င်းတို့သည် မိဘအုပ်ထိန်း

သူများအား ကျောင်းသွားမည်ဟုဆိုကာ နေအိမ်များမှထွက်ခွါလာခဲ့ပြီး

၂၈.၉.၂၀၁၆ ရက်နေ့ နံနက်တွင် ကျောက်ဆည်မြို့မှမန္တလေးမြို့သို့

လည်းကောင်း၊ ယင်းနေ့ညတွင် မန္တလေးမြို့မှ ရန်ကုန်မြို့သို့လည်းကောင်း

မော်တော်ယာဉ်ဖြင့် လိုက်ပါလာခဲ့ရာ ၂၉.၉.၂၀၁၆ရက်နေ့ နံနက်တွင်

ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်၌ ၎င်းတို့ နေထိုင်ရန်

အတွက် နေအိမ်လိုက်လံငှားရမ်းနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ အမျိုးသမီးငယ် (၃)ဦးနှင့်ပတ်သက်၍ ကျောက်ဆည်မြို့မရဲစခန်းသို့

ဆက်သွယ် အကြောင်းကြားခဲ့ရာ ၎င်းတို့ပျောက်ဆုံးသွားမှုနှင့်ပတ်သက်၍

ကျောက်ဆည်မြို့မရဲစခန်း၌ လူပျောက်အမှတ်စဉ် (၈/၂၀၁၆)ဖြင့် ရေးဖွင့်

စုံစမ်းရှာဖွေလျက်ရှိကြောင်းသိရှိရပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့်

အတူလာရောက် ခေါ်ဆောင်မည်ဖြစ်ကြောင်းသိရှိရ၍ ရပ်ကွက်အုပ်ချုပ်ရေး

မှူးရုံးတွင် စောင့်ရှောက်ထားရှိခဲ့ပါသည်။

၃၀.၉.၂၀၁၆ ရက်နေ့ နံနက် (၀၆၃၀)အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊

(ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ၎င်းအမျိုးသမီးငယ်(၃)ဦး၏ ဖခင်များမှ

ကျောက်ဆည်မြို့မရဲစခန်း ဒုတိယစခန်းမှူး၊ ကျောက်ဆည်မြို့နယ်

အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ လာရောက်ခေါ်ဆောင်သဖြင့်

မိဘများထံ စနစ်တကျပြန်လည်အပ်နှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။