အရက်မူးနေတဲ့သားက ဖခင်အရင်းကို လက်သီးဖြင့်ထိုးသတ်မှုဖြစ်

ထိုဖြစ်စဉ်မှာ ဒဂုံအရှေ ့မြို ့နယ် (၁၃၃) ရပ်ကွက် တကောင်း (၂ )လမ်းတွင်နေထိုင်သော ရန်မျိုးအောင်သည် မတ်လ (၁၁) ရက် မွန်းလွဲပိုင်းက နေအိမ်သို ့

အရက်မူူးပြီး ပြန်လာစဉ် ဖခင်အရင်းဖြစ်သူ အသက် (၅၄) နှစ်အရွယ် ဦးရန်အောင်နှင့် စကားများ ရန်ဖြစ်ရာမှ ၎င်းက လက်သီးဖြင့်ထိုးကြိတ်ခဲ့သောကြောင့်

ဦးရန်အောင်မှာ သေဆုံးခဲ့ခြင်းဖြစ်ပါသည်။

ထိုသို ့ဖခင်ဖြစ်သူသေဆုံးသွားခြင်းကို နေအိမ်ရှိရေချိုးခန်းရှေ ့တွင် မှောက်လျက်လဲကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသားဖြစ်သူမှ လီဆယ်ထွက်ဆိုခဲ့ပါသည်။

ရုပ်အလောင်းကို ဆေးရုံသို ့တင်ပို ့၍ ရင်ခွဲစစ်ဆေးခဲ့ရာ ဦးရန်အောင်မှာ ဘယ်နံရိုးကိုးချောင်းကျိုး၍ နံရိုးအပိုင်းအစများက အဆုတ်ကို ထိုးဖောက်ရာမှ

သေဆုံးခဲ့ကြောင်း ဆေးစာအဖြေရရှိခဲ့ပါသည်။

ထို ့နောက်တွင် ရဲတပ်ဖွဲ ့မှ သေဆုံးသူ နေထိုင်သော နေအိမ်အနီးနေထိုင်သူများကို စစ်ဆေးမေးမြန်းခဲ့ရာ အခင်းဖြစ်သောနေ ့က သားဖြစ်သူ ရန်မျိုးအောင်

သည် အရက်မူးပြီး လက်သီးဖြင့် ထိုးကြိိတ်နေသည်ကို မြင်တွေ ့ခဲ့ကြောင်း ထွက်ဆိုခဲ့ကြပါသည်။

ထို ့ကြောင့် မတ်လ (၁၂) ရက်နေ ့တွင် ဒဂုံအရှေ ့မြို ့မ ရဲစခန်းက သေမှုသေခင်းမှ လူသတ်မှု ပုဒ်မ ပြောင်းဖွင့်ပြီး ရန်မျိုးအောင်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရှိုရပါသည်။

Source: TheVoice 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။