ရုပ်ရှင်မင်းသမီးလေး ရွှေမှုံရတီဟာ သူမရဲ့ ချစ်သူနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ အချစ်စာလေးတွေ ၊ပုံလေးတွေ မကြာခဏတင်ခဲ့ပါတယ်။

သူမတို့နှစ်ဦးဟာ အပြန်အလှန် တန်ဖိုးကြီးလက်ဆောင်တွေပေးခဲ့သလို သူမက ချစ်သူကို ရွှေဖုန်းကာဗာ လို သိန်းချီတဲ့ လက်ဆောင်ပေးခဲ့ဖူးတာကိုတော့ ပရိသတ်တွေ အသိဆုံးဖြစ်မှာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သူမရဲ့ အချစ်ရေး တကယ်အဆုံးသတ်သွားပြီဆိုတဲ့ အကြောင်း လူမှုကွန်ရက်မှာ အသဲကွဲစာတွေ ဆက်တိုက်တင်ခဲ့ပါတယ်။

အဲ့ဒီမတိုင်ခင် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်နေချိန်မှာ ဇေရဲထက်ကတောင်မှ သူမရဲ့ ပို့စ် အောက်မှာ အားပေးစကားဝင်ပြီး ကွန့်မန့်ပေးခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူမရဲ့ချစ်သူက ဇေရဲထက်ရဲ့ ကွန့်မန့်ကြောင့် အထင်လွဲသွားတဲ့ပုံပေါ်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

လက်တလောမှာတော့ အသဲကွဲနေတဲ့ ရွှေမှုံက “Imsotired#i needyou#mg ဆိုပြီး ချစ်သူနဲ့ ဖက်ထားတဲ့ ၀ါးတားတားပုံတစ်ပုံကို လူမှုကွန်ရက်မှာ ထပ်တင်ထားပါတယ်။

ဇာတ်ကားရိုက်တွေဆက်နေတဲ့ ရွှေမှုံဟာ ခိုင်သင်းကြည်နဲ့ အတူ ငါအကယ်ဒမီ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရွှေမှုံတစ်ယောက် ချစ်သူနဲ့ အမြန်ဆုံး ပြန်အဆင်ပြေဖို့ ပရိသတ်တွေလည်း ဆုတောင်းပေးလိုက်ကြပါဦး ။ 

သတင်းအရင်းမြစ် FB and Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။