Myanmar Idol ကြည့်ပြီငိုနေရှာတဲ့ ဝတ်မှုန်ရွှေရည်

Myanmar Idol ဆိုတဲ့ အရည်အချင်းရှိတဲ့ အဆိုရှင်အသစ်တွေမွေးထုတ်ပေးနေတဲ့ TV အစီအစဉ်ဟာ ပရိသတ်တွေကြား အလွန်ရေပန်းစားလျက်ရှိနေပြီး ကြည့်ရှုသူဦးရေနှုန်း မြင့်တက်လျက်ရှိနေပါတယ်။ ဝါရင့်အဆိုပညာရှင်ကြီးတွေဖြစ်တဲ့ မြန်မာပြည်သိန်းတန် မေဆွိ တင်ဇာမော် တို့က Judge အဖြစ်ပါဝင်ထားကြပြီး တစ်ပတ်နဲ့ တစ်ပတ် ပရိသတ်ရဲ့ မဲပေးမှု Voting system ပေါ်အခြေခံပြီး နောက်တစ်ဆင့်ကို တက်လှမ်းရတာ ဖြစ်ပါတယ်။

ကိုယ်အားပေးတဲ့ အနုပညာတွေပြုတ်သွားတိုင်း ပရိသတ်တွေကြား အငြင်းပွားမှုတွေဖြစ်နေရပြီး ကီးဘုတ်တိုက်ပွဲတွေကတော့ ပြင်းထန်လျက်ရှိနေပါတယ်။ Myanmar Idol အစီအစဉ်ကို နိုင်ငံကျော် ရုပ်ရှင်မင်းသား မင်းသမီးတွေတောင် တခုပ်တရ အားပေးကြပါတယ်။

မြန်မာ့ထိပ်တန်းမင်းသမီးတစ်လက် ဖြစ်တဲ့ ကစ်ကစ်ကတော့ Myanmar Idol ကြည့်မိပြီး ငိိုတောင်ငိုမိတယ်လို့ဆိုပါတယ် ပရိသတ်ကြီးရေ……

"Myanmar Idol ကြည့်ပြီးကိုယ်ပါ ငိုပြီ

စိတ်ဓာတ်မကျပါနဲ့

မတင်ဇာမော်ပြောသလို နံပါတ်၁ဖြစ်တိုင်းလည်း ပထမဆုမရပါဘူူး

ဆက်ကြိုးစားကြပါနော်

ငယ်ငယ်လေးတွေပဲရှိသေးတာ ဘဝမှာလုပ်စရာတွေကြိုးစားစရာတွေ အများကြီးရှိပါသေးတယ်

အတွေ့အကြုံတွေကိုခွန်အားအဖြစ်ပြန်အသုံးချပါနော်

အားပေးနေပါတယ်

Fighting ?????????

Much love ❤️️❤️️❤️️" ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာ တင်ထားပါတယ်။

အခြားနာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ နေတိုး ပြေတီဦး အူဝဲ ဖွေးဖွေးတို့ကလည်း Myanmar Idol ရဲ့ ပရိသတ်တွေပါပဲတဲ့ ပရိသတ်ကြီးရေ………

Source: Wut Hmone Shwe Yi

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။