ပရိသတ်ကြီးရေ.. အနုပညာလောကြမှာ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အသည်းကျော်တွေထဲမှာ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ အမြဲဖမ်းစားတတ်တဲ့ မိတ်ကပ် မထက် ကလည်း အပါအဝင်ပါပဲနော်..။

ဒီကနေ့ ဒီဇင်ဘာ(၂၆)ရက်နေ့လေးကတော့ အချစ်တော်လေး မထက်ရဲ့ မွေးနေ့ရက်လေးဖြစ်ပြီး သူမကတော့ မနက်မိုးလင်းကတည်းက လှူဒါန်းမှုလေးတွေကို ဆက်တိုက်ပြုလုပ်ကာ ကုသိုလ်ယူနေပါတယ်နော်..။

မနက်စောစော အိပ်မက်လှ ရထားလေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတ်ဂေဟာလေးမှာ မွေးနေ့အလှူအဖြစ် မနက်စာ နေ့လည်စာနဲ့ ညစာအဖြစ် တစ်ရက်လုံးစာ အာဟာရဒါနလေး ပြုခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလည်း နေ့လည်စာ သွားရောက်လှူဒါန်း ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်..။

သူမရဲ့ မွေးနေ့အလှူလေးမှာတော့ သူမဖွင့်လှစ်ထားတဲ့ မိတ်ကပ် ဆံအပင်အလှပြင်ဆိုင်က ဆိုင်မိသားစုဝန်ထမ်းလေးတွေကလည်း ပါဝင်လှူဒါန်းထားတာမို့ တစ်စုတစ်စည်းထဲနဲ့ ပျော်ရွှင်စရာ မွေးနေ့အလှူလေး ဖြစ်ခဲ့တယ်ဆိုပြီးောတ့လည်း မထက်က ချစ်စဖွယ်လေး ပြောပြထားပါသေးတယ်.. ။

သာဓုခေါ်စရာ မွေးနေ့အလှူ အမှတ်တရပုံရိပ်လေးတွေကိုတော့ မထက်က ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာမို့ ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

ကဲ.. ပရိသတ်ကြီး ဒီကနေ့မှာ ကျရောက်လာတဲ့ မထက်ရဲ့ မွေးနေ့လှုပ်ရှားမှုပုံရိပ်လေးတွေကို အားပေးရင်း Birthday Girl လေး မထက်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေလည်း ပြောပေးသွားပါဦးနော်..။

Photo - မထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။