ဖိုတိုမော်ဒယ်မလေး တစ်ယောက်ဖြစ်တဲ့ အိမ့်ထရက်သျှာကိုပရိတ်သတ်ကြီးလည်းသိမှာပါနော်။ ကြွေရုပ်ကလေးလိုချစ်ဖို့အရမ်းကောင်းပြီး ကလေးလေးနဲ့တူတဲ့ အမူအရာလေးတွေကြောင့် ပရိတ်သတ်တွေရဲ့အသည်းကျော်လေးဖြစ်နေခဲ့ရပါတယ်နော်။ မေးစေ့ချွန်ချွန်လေးနဲ့ စကားပြောရင် လျှာပါးပါးလေးနဲ့ စကားသွက်သွက်ကလေးပြောတတ်တဲ့ သူမကို ကြွေနေရတဲ့ ပုရိသတွေလည်း ဒုနဲ့ဒေးပါပဲ။

သူမဟာ အခုဆိုရင် သရုပ်ဆောင်ဘက်ကိုလည်း တဖြေးဖြေးအခြေချဝင်ရောက်လာတဲ့အတွက် ပရိတ်သတ်တွေရဲ့အားပေးမှုကလည်းတစတစနဲ့တိုးလာခဲ့ရပါတယ်နော်။ သူမဟာ ဒီလိုအလုပ်တွေ ပုံမှန်အတိုင်းပြန်လုပ်နိုင်အောင် ကိုယ့်ကိုယ်ကို စိတ်ဓာတ် ခိုင်မာထက်မြတ်တဲ့ သူတစ်ယောက်ဖြစ်လာအောင် ဝေဖန်မှုတွေအများကြီးကြားထဲကနေကြိုးစားခဲ့ရသူလေးပါ။

သူမ လုပ်မိခဲ့တဲ့ အမှားတစ်ခုအပေါ် အခုထိပြောဆိုဝေဖန်နေကြတဲ့ သူတွေကို ရန် ရန်ချင်းနဲ့မတုံ့ပြန်ဘဲ အခုဆိုရင် ခရစ်စမတ်လက်ဆောင်အနေနဲ့ မေတ္တာတောင်ပို့လိုက်ပါသေးတယ်ပရိတ်သတ်ကြီးရေ။ သူမဟာ ချစ်ဖို့ကောင်းတဲ့ပုံစံလေးနဲ့ သူမအပေါ်ဝေဖန်တဲ့သူတွေကိုကော အားပေးတဲ့သူတွေကိုပါ ဆုတောင်းစကားပြောထားခဲ့တဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ တင်ထားခဲ့ပါတယ်။ ပရိတ်သတ်ကြီးအတွက် ETလေးရဲ့ဆုတောင်း ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source : Eaint Treasure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။