ပရိတ်သတ်ကြီးရေ... အရမ်းလည်းဟာသတွေပြောတတ်ပြီး ရုပ်ရှင် ဗီဒီယိုလောကမှာကော သဘင်လောကမှာပါ ပရိတ်သတ်တွေအားပေးမှုကိုတစ်ခဲနက်ရရှိထားတဲ့ ဟာသအနုပညာရှင် တစ်ဦးရှိပါတယ်။ သူကတော့ ဟာသ သရုပ်ဆောင်ဒိန်းဒေါင်ပဲဖြစ်ပါတယ်။သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေရပြီဖြစ်တဲ့ ဟာသအနုပညာရှင်တစ်ဦးပါ။ 

အလှူအတန်းလည်းအရမ်း ရက်ရောသူဖြစ်ပြီး ပရဟိတစိတ်ရှိတဲ့ ဒိန်းဒေါင်ဟာ သူ့ရဲ့ချွေးနဲစာလေးတွေနဲ့လည်း မကြာခဏ အလှူအတန်းပြုကုသိုလ်ယူ တတ်သူတစ်ယောက်ဖြစ်ပါတယ်။ အဲ့လိုစိတ်ဓာတ်ပိုင်းဆိုင်ရာမှာ စံထားရလောက်အောင်အရမ်းကောင်းတဲ့ ဒိန်းဒေါင်ဟာ သဘင်ပညာမှာလည်းထူးချွန်သူပါ။သူပြတ်လုံးတစ်လုံးထုတ်လိုက်တာနဲ့ ပရိတ်သတ်တွေအားလုံးပွဲကျသွားခဲ့ရတာချည်းပါပဲနော်။

ဒိန်းဒေါင်ဟာ ဒီဇင်ဘာ ၂၉ရက်နေ့ မှာမွေးဖွားခဲ့တာဖြစ်ပြီး ဒီလသူ့မွေးနေ့ဖြစ်တဲ့ စနေနေ့မှာတော့ မြောက်ဥက္ကလာအဝိုင်းအနီး ကျောက်ရေတွင်း တံတားနားက သူ့ရဲ့ အိမ်ရှေ့မှာပဲကျင်းမယ်မှာဖြစ်ကြောင်းဆိုထားပါတယ်။ သူ့မွေးနေ့ကို မြန်မာတစ်နိုင်ငံလုံးက အယုတ်အလတ် အမြတ်မရွေး မည်သူမဆို ကြွရောက်ချီးမြှင့်နိုင်ကြောင်းကိုလည်း ပြောထားပါသေးတယ်ပရိတ်သတ်ကြီးရေ...။

Source : Dain Daung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။