အခုအချိန်မှာ ရန်ကုန်တက္ကသိုလ်ကြီးကို လွမ်းဆွတ်နေသူတွေရောရှိကြလား

မတ်လ ၁၃ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ရှိကျောင်းသားကျောင်းသူများစုပေါင်းပြီး YU သင်္ကြန်ပွဲတော်ကို ဝိဇ္ဖာခန်းမရှေ့မြက်ခင်းပြင်ပေါ်တွင်ကျင်းပခဲ့ပါတယ်။ သင်္ကြန်ဆိုတာ မြန်မာလူမျိုးတို့ အတွက် တစ်နှစ်မှာ တစ်ခါပျော်ရတဲ့ ပွဲတော်လေးပဲဖြစ်တာကြောင့် မိမိချစ်ခင်ရတဲ့ အပေါင်းအသင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးကြီးရေဆော့ချင်တာကတော့ လူငယ်အားလုံးရဲ့ အိပ်မက်ပဲဖြစ်ပါလိမ့်မယ်။

အခုဒီ YU သင်္ကြန်မှာဆိုရင် ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေ စုံစုံလင်လင်နဲ့အများကြီးတူတူပျော်ရတဲ့အပြင် သူတို့ရဲ့ အချစ်တော်တွေဖြစ်တဲ့ စိုင်းစိုင်း၊ Ar-T၊ အောင်ထက်တို့နဲ့ သင်္ကြန်အကြိုတူတူပျော်ရတော့ အရမ်းကိုပဲပျော်စရာကောင်းမှာပါ။ အဆိုတော်တွေကလည်း အဆောင်အယောင် ပကာသနတွေ မကြည့်ဘဲ ချစ်ခြင်းမေတ္တာအပြည့်နဲ့ဖျော်ဖြေသွားတာ တကယ်ကို လေးစားဖို့ကောင်းပါတယ်။ 

ရန်ကုန်တက္ကသိုလ်ဟာဆိုရင် အရှိန်အဝါကြီးလွန်းပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့အမှတ်တရတွေ၊ ဆရာ၊ဆရာမတို့ရဲ့ အဖိုးတန်တဲပဆုံးမစကားတွေ ၊သာယာလွန်းတဲ့ သဘာဝအလှတရားတွေ၊ မေ့မရတဲ့ ဖြစ်ရပ်တွေ နဲ့ ပြည့်နေတာပဲဖြစ်ပါတယ်။ အခုလဲ သင်္ကြန်အမှတ်တရလေးထပ်တိုးလာပြီပဲဖြစ်ပါတယ်။ လူမှုမီဒီယာမှာဆိုရင်လည်း YU ကကျောင်းသားတွေဟာ YU Thingyan အမှတ်တရတွေကိုဝေဝေဆာဆာနဲ့ဖော်ပြထားကြပါတယ်။ မြန်မာအက မြန်မာအလှအမှတ်တရတွေ မိမိကြိတ်ကြွေနေရတဲ့ကောင်မလေးကို ရေလောင်းခွင့်ရတဲ့အမှတ်တရတွေ၊ ချစ်သူကိုမွေးနေ့ကိတ်နဲ့ Surprise လုပ်တဲ့ အမှတ်တရတွေ စတာတွေ အများကြီးပါဝင်ပါတယ်။

ဒါ့ကြောင့် YU သင်္ကြန်ပုံရိပ်တွေကို အောက်မှာ ဝေဝေဆာဆာဖော်ပြထားပါတယ်။ 

Photo Source: Wai Yan Htut

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။