လတ်တလော ပြည်တွင်းမကြာခဏဆိုသလို ကြားနေရတဲ့ သတင်းတွေထဲမှာ သေနတ်နဲ့ ပတ်သက်တဲ့သတင်းတွေကတော့ မကြာခဏဆိုသလို ကြားနေရမှာပဲဖြစ်ပါတယ်။ သေနတ်ပစ်ခတ်ခြင်း၊ တရားမဝင်သေနတ်များကိုင်ဆောင်ခြင်းနဲ့ သေနတ်ကျည်ဆံမှား အမြောက်ဆံများ တွေ့ရှိခြင်းတွေကတော့ နေရာအနှံ့အပြားမှာကြားသိနေရမှာပဲဖြစ်ပါတယ်။  

အဆိုပါ သတင်းတွေထဲမှာ မကြာသေးမီလောက်ကတွေ့ရှိခဲ့တဲ့သတင်းတစ်ခုကလည်း ပရိသတ်တွေကြားရေပန်းစားခဲ့တာတွေ့ရပါတယ်။ ၎င်းဖြစ်စဉ်ကတော့ ရန်ကုန်မြို့လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ အင်းလျားကန်ဘောင်ပန်းခြံအတွင်း ကျည်ဆံဟောင်းများတွေ့ရှိမှုပဲဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ ဒီဇင်ဘာလ ၂၅ရက်နေ့က နေ့လည် ၁၂နာရီဝန်းကျင်ကတွေ့ရှိခဲ့တာဖြစ်ပြီး အင်းလျားကန်စပ်အနီး ၉လက်မ အရွယ်ကျည်ဆံဟောင်း အတောင့် ၄၀ ကိုရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ 

လက်ရှိ အဆိုပါ ကျည်ဆံတွေ့ရှိမှုနေရာကို တာဝန်ရှိရဲအရာရှိများလာရောက်ရှာဖွေစစ်ဆေးခဲ့ပြီး တွေ့ရှိမှုများကို သိမ်းဆည်းသွားခဲ့ကြောင်း သိရပါတယ်။ မကြာခဏဆိုသလို ကြားသိနေရတဲ့ သေနတ်သတင်းတွေထဲမှာ အန္တရယ်ရှိသတင်းတစ်ခုဖြစ်တဲ့ အဆိုပါဖြစ်စဉ်ကတော့ ပရိသတ်တွေကို အထိပ်တလန့်ဖြစ်စေခဲ့တာတွေ့ရပါတယ်။ မကြာခဏတွေ့မြင်ကြားနေရတဲ့ အဆိုပါဖြစ်စဉ်တွေကို ခရီးသွားပြည်သူများသတိပြုသွားလာနိုင်ဖို့မျှဝေပေးလိုက်ပါတယ်။

Photos - Moe Thet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။