ပြီးခဲ့တဲ့အပတ်က Blue Music သီချင်းများနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Top 5 မှာ ဇင်ကြီး နဲ့ မိုင်းမိုင်စိုင်း နှုတ်ဆက်ထွက်ခွာခဲ့သွားပါတယ်။

Wild Card နဲ့ ပြန်ဝင်လာတဲ့ ဇင်ကြီးလည်း Bottom 3မှာ မဲအနည်းဆုံးနဲ့ ပြန်လည်ထွက်ခွာသွားပြီးနောက် ပရိသတ်တွေကြားမှာ မျှှတမှုမရှိဘူးဆိုတဲ့ အသံတွေနဲ့ အငြင်းပွားမှုအနည်းငယ်ရှိခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဆက်လက်တိုက်ပွဲဝင်ဖို့ ကျန်ရှိနေတဲ့ (၃)ယောက်ထဲမှာ ဘယ်သူက Myanmar Idol Winner ဖြစ်မလဲဆိုတာကိုတော့ ကျော်ထက်အောင် ပြောသလိုပဲ ပရိသတ်တွေ စိတ်ဝင်စားနေကြဦးမှာပါ။

Top 3 ပြိုင်ပွဲဝင် တွေဖြစ်တဲ့ သားငယ် ၊ ဘီလီလမင်းအေး နဲ့ ပိုးမီ တို့ဟာ မနေ့က Meet the fans ဆိုတဲ့ အစီစဉ်လေးအတိုင်း ပရိသတ်တွေနဲ့ကန်တော်ကြီးအမျိုးသားဥယျာဉ်မှာ တွေ့ဆုံပွဲလေးတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲဝင် (၃)ဦးဟာ သူတို့အားပေးချစ်ခင်တဲ့ပရိသတ်တွေနဲ့ တရင်းတနှီး ဓာတ်ပုံတွေရိုက်ကြသလို ကြိုက်နှစ်သက်ရာ သီချင်းတွေကိုလည်း သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။

မနက်ဖြန် ယှဉ်ပြိုင်ရမယ့် Top3 မှာ ပရိသတ်တွေအနေနဲ့ ဘယ်သူ့ကို ဆက်ပြီးအားပေးမလဲဆိုတာရယ် အကောင်းဆုံးက ဘယ်သူဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့နော်။

သတင်းအရင်းမြစ် Myanmar Idol page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။