ချစ်စရာကောင်းတဲ့ မော်ဒယ်လေး ခိုင်သဇင်ငုဝါက သူမရဲ့ ဖေ့ဘုတ်စ်မှာ ဇော်ပိုင် ရဲ့ မွေးရပ်မြေသီချင်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရိုက်ကွင်းပုံရိပ်အချိုု့ကို တင်ထားပါတယ်။

ဇော်ပိုင်ရဲ့ မွေးရပ်မြေ သီချင်းMTV ကို ပုဂံမှာ လုပ်ဖော်ကိုင်ဖက်အချို့နဲ့ သွားရောက်ရိုက်ကူးခဲ့ပြီး သူမက ဆရာမလေးသရုပ်ဆောင်ရမယ့်ပုံပါပဲ။

MTV ကို ဒါရိုက်တာ JP Channel က ရိုက်ကူးပေးပြီး မော်ဒယ်ခိုင်သဇင်ငုဝါ ၊အဆိုတော် ဇွဲပြည့် နဲ့ အောင်ဟိန်းမြတ် ၊ ကောင်းမြတ်ဇော် တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ပုဂံအထိတောင် သွားရောက်ရိုက်ကူးပုံထောက်ရင် မွေးရပ်မြေ ဆိုတဲ့ သီချင်းMTV လေးထွက်လာတဲ့အခါ ပရိသတ်တွေကြိုက်နှစ်သက်ကြမယ့်ပုံပါပဲ။

ပရိသတ်တွေလည်း သီချင်းလေးထွက်လာရင် စောင့်မျှော်အားပေးကြပါဦး။

သတင်းအရင်းမြစ် Khaing Thazin Nguwah

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။