ကမ္ဘာ့အဓိကဘာသာကြီးလေးခုဖြစ်တဲ့ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ်စလာမ်နှင့် ဗုဒ္ဓဘာသာကိုတော့ အားလုံးသိရှိကြမယ်ထင်ပါတယ်။ အခြားယုံကြည်ကိုးကွယ်မှုများစွာရှိနေပေမယ့်လည်း အဆိုပါ ဘာသာကြီးလေးခုကတော့ အဓိကလူအများဆုံးကိုးကွယ်လျှက်ရှိတဲ့ ဘာသာတွေလည်း ဖြစ်ပါတယ်။ အဆိုပါ ယုံကြည်ကိုးကွယ်မှုဘာသာတရားတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူတန်းစားများစွာကတော့ မိမိစိတ်တိုင်းကြ ပြောင်းလဲမှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။   

အဆိုပါ ပြောင်းလဲမှုတွေထဲမှာ ပရိသတ်တွေအံ့အားသင့်စေခဲ့တဲ့ နိုင်ငံခြားသားများရဲ့ ဗုဒ္ဓဘာသာအဖြစ်ခံယူပွဲကြီးကတော့ မကြာသေးမီကပြုလုပ်ခဲ့တာတွေ့ရပါတယ်။ ၎င်းပွဲကတော့ ဘယ်လဂျီယမ်နိုင်ငံသား (၄၄-ဦး)၊ ကိုရီးယား(၃-ဦး)၊ တောင်အာဖရိက(၄-ဦး)တို့ကတော့ ဗုဒ္ဓဘာသာရဲ့ အထွဋ်မြတ်ထားရာ သာသနာဘောင်သို့ဝင်ရောက်ခဲ့ပြီး ကိုရီးယားသူ(၅-ဦး)တို့ကလည်း (ရက်-၉၀) တိတိ တရားအားထုတ်ဖို့ သီလရှင်ဝတ်ခဲ့ကြကြောင်းသိရပါတယ်။  

အဆိုပါသာသနာဘောင်ဝင်မှုကိုတော့မကြာသေးမီက ပြုလုပ်ခဲ့တာဖြစ်ပြီး အဓိက ကတော့ ဗုဒ္ဓဘာသာကို လက်တွေ့ လာရောက်တရားအားထုတ်တာဖြစ်ကြောင်း သိရပါတယ်။ တရားတော်တွေကိုကမ္ဘာသုံး အင်္ဂလိပ်စကားနဲ့ကျွမ်းကျွမ်းကျင်ကျင် ရှင်းလင်းပြောပြနိုင်မယ့်သံဃာ၊ သီလရှင်အရေအတွက်ကတော့နည်းသေးပေမယ့် ဂရုတစိုက်ရှင်းပြပေးလျှက်ရှိကြောင်း သိရပါတယ်။ ဗုဒ္ဓဘာသာသို့ ဝင်ရောက်ခဲ့ကြတဲ့ နိုင်ငံခြားသား လူမျိုးများရဲ့ မကြာသေးမီကပုံရိပ်တွေကို ခဈ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Bhikkhu Tejanita

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။