ဂရေဟမ်ရဲ့ မျိုးဆက်သစ်လေး ပန်းရောင်ခြယ်ကတော့ဖခင်ရဲ့ ခြေရာကိုနင်းပြီး အဆိုတော်ကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေသူပါ ။ ဆံပင်အရှည်ကြီးနဲ့ ချောမောလှပတဲ့ သူမကို ချစ်ခင်အားပေးသူပရိတ်သတ်များလဲရှိလို့နေပါပြီ ။ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ အတူ Wake Up Daddy သီချင်းခွေလေးထွက်ထားပြီး ... သူမ သီချင်းတစ်ချို့လဲ ရေပန်းစားလာခဲ့ပါတယ် ။ 

သြစတေးလျမှာ ကျောင်းတတ်နေရင်း ဂီတအလုပ်ကိုတွဲဖက်လုပ်ကိုင်နေတဲ့သူမလေးက ခုတော့ ၂၀၁ရခုနှစ်ထဲမှာ တစ်ကိုယ်တော်အခွေထွက်နိုင်ဖို့အတွက် ပြင်ဆင်နေတာမို့ ဂီတဘက်ကို အားစိုက်လုပ်ချင်တဲ့အတွက် ကျောင်းကတစ်နှစ်ခွင့်ယူပြီးနားထားပါတယ်တဲ့ ။ အခွေထဲမှာ သူမကိုယ်တိုင်ရေးသားထားတဲ့ သီချင်းတွေရော အခြားသီချင်းရေးဆရာတွေရေးပေးထားတဲ့သီချင်းတွေပါပါဝင်မှာပါ ။ သူမ အသံနဲ့ လိုက်ဖက်တဲ့ သီချင်းလေးတွေ ရွေးချယ်ထားပါတယ်ဆိုတဲ့ ပန်းရောင်ခြယ်လေးကို အားပေးလိုက်ကြပါဦးနော် ...

Source : Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။