ပြည်တွင်းပြည်သူများစွာ ပျော်ရွှင်ခဲ့ကြတဲ့ Happy New Year 2019 အကူးကာလမှာ ပြည်တွင်းနေရာအနှံ့အပြားတွင် ပျော်ပွဲရွှင်ပွဲများနှင့်အတူ အခြားပွဲပြုလုပ်မှုများစွာရှိခဲ့တာတွေ့ရပါတယ်။ အဆိုပါ Happy New Year နှစ်ကူးရက်မှာ ရှိုးပွဲများ အပန်းဖြေအနားယူမှုများနှင့် အခြားအခြားသော ဒေသများစွာမှာလည်း ပြည်သူများစွာကတော့ ပျော်ပျော်ရွှင်ရွှင်စားသောက်ဖြတ်သန်းခဲ့ကြတာတွေ့ရပါတယ်။ အဆိုပါ စားသောက်မှုတွေကြောင့် ညစ်ညမ်းခဲ့ရတဲ့ နေရာများစွာကတော့ ရန်ကုန်မြို့နှင့်အခြားဒေသများစွာမှာတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။

အဆိုပါ ညစ်ညမ်းမှုတွေထဲမှာ ရန်ကုန်မြို့ပြည်သူများစွာလာရောက်လေ့ရှိတဲ့ အင်းလျားကန်ဘောင်ပေါ်မှာ တသ်ညတာမြင်ကွင်းကတော့ ဝမ်းနည်းစရာတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ တစ်ညတာပျော်ရွှင်ခဲ့မှုကြောင့် ရုပ်ဆိုးအကြည်းတန်ခဲ့ရတဲ့ အင်းလျားကန်ဘောင်ပေါ်က စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေကို စိတ်မကောင်းစရာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ 

ပြည်သူများစွာပျော်ရွှင်ခဲ့တဲ့ အဆိုပါ Happy New Year နှစ်သစ်ကူးညတစ်ညရဲ့ အင်းလျားကန်ဘောင်ပေါ်မှ စားသောက်မှုတွေကို ညနှစ်နာရီမှ စတင်၍ ရန်ကုန်မြို့ ပန်း/ဥယျာဉ်ဌာနမှ လာရောက်ရှင်းလင်းသိမ်းဆည်းဆောင်ရွက်ပေးခဲ့ကြပြီး အချိန်အတော်ကြာ လုပ်ဆောင်ခဲ့ရကြောင်း သိရပါတယ်။ နေ့ညမပျက်လာရောက်သူများစွာရှိနေတဲ့ အဆိုပါ အင်းလျားကန်ဘောင်ပေါ်က တစ်ညတာအကြည်းတန်အမှိုင်စွန့်ပစ်မှုပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photo. Z W T

Zaw Min Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။