၂၀၁၉ ခုနှစ် နှစ်သစ်ကူးပြောင်းစအချိန်မှာပဲ ပြည်တွင်းဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေကတော့ များစွာရှိနေခဲ့ပြန်တာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုတွေထဲမှာ အများဆုံးနဲ့ အဆိုးဆုံးဖြစ်စဉ်တွေကတော့ ရန်ကုန်မြို့အတွင်း ယာဉ်တိုက်မှုတွေပဲဖြစ်ကြောင်း ဝေဖန်ပြောကြားသူတွေက ဆိုပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၂ရက်နေ့မှာလည်း ဆိုးဆိုးရွားရွားယာဉ်တိုက်မှုကြီးတစ်ခုကတော့ ဖြစ်ပေါ်ခဲ့ပြန်တာ တွေ့ရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကတော့ ဒီကနေ့ ဇန်နဝါရီလ ၂ ရက်နေ့ လက်တလောဖြစ်ပွားခဲ့တာဖြစ်ပြီး YBS တစ်စီးရဲ့ စည်းကမ်းမဲ့မောင်းနှင်ခြင်းကြောင့် ဖြစ်ကြောင်း တွေ့မြင်သူတွေက ပြောပြခဲ့ပါတယ်။ ၎င်း ယာဉ်တိုက်မှုကတော့ ဒီကနေ့ ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က ရန်ကုန်မြို့ အင်းစိန်လမ်းမကြီး ခဝဲခြံမှတ်တိုင်နှင့် ကုလားကျောင်းမှတ်တိုင်ကြားမှာ ဖြစ်ကြောင်း သိရပါတယ်။  

ဖြစ်စဉ်နဲ့ပတ်သက်ပြီး " မရမ်းကုန်းမြို့နယ်၊ အင်းစိန်လမ်းမပေါ်၊ ခဝဲခြံမှတ်တိုင်နှင့် ကုလားကျောင်းမှတ်တိုင်ကြားတွင် ဒီကနေ့ ဇန်နဝါရီ ၂ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ယာဉ် ၅ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။ ပတ်ဝန်းကျင်ရှိ မြင်တွေ့ကြသူများ၏ ပြောစကားအရ YBS 16 က အရှိန်မထိန်းနိုင်ဘဲ တိုက်မိခြင်း " ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် အသေအပျောက်မရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူအနည်းငယ်ရှိခဲ့ကြောင်း သိရပါတယ်။ ခရီးသွား ညီအကိုမောင်နှမများနှင့် ယာဉ်မောင်းညီအကိုများ သတိပြုမောင်းနှင်သွားလာနိုင်ဖို့ ပြောကြားရင်း မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုဖြစ်စဉ်ပုံရိုက်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - MOE THET 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။