One Championship (MMA) ပြိုင်ပွဲကြီးမှာ မြန်မာ့ကိုယ်စားပြုယှဉ်ပြိုင်ထိုးသတ်နေကြတဲ့ လက်ဝှေ့ဖိုက်တာတွေထဲမှာ အောင်လအန်ဆန်းနဲ့ ဖိုးသော်ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ညီအကို အရင်းပမာချစ်ခင်ကြပြီး အမိမြေဖွားညီအကိုတွေလို သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုတော့ အားလုံးလည်းသိမြင်ခဲ့ကြမှာပါ။ အောင်လနှင့် ဖိုးသော်တို့ကတော့ နှစ်ယောက်အတူ ပွဲပေါင်းများစွာပါဝင်ထိုးသတ်ခဲ့ဖူးပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ပွဲများစွာလည်း ရရှိခဲ့ဖူးတာတွေ့ရပါတယ်။  

လက်ရှိ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်းကတော့ ပြည်တွင်းကို ပြန်လည်ရောက်ရှိနေပြီး သူ့ရဲ့ လက်ဝှေ့ပညာတွေနဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးလေ့ရှိတာတွေ့ရပါတယ်။ မကြာသေးမီကလည်း အောင်လအန်ဆန်းကတော့ ဖိုးသော်ရဲ့ လက်ဝှေ့သင်တန်းကို ကိုယ်တိုင်လာရောက်သင်ကြားမှုတွေပြုလုပ်ပေးခဲ့ပြီး မျိုးဆက်သစ်ဖိုက်တာများစွာကို လက်တွဲခေါ်ယူခဲ့တာတွေ့ရပါတယ်။  

အဆိုပါ လေ့ကျင့်မှုကိုတော့ မကြာသေးမီကသွားရောက်ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ကစားသမားတွေရဲ့ လိုအပ်ချက်တွေနဲ့အတူ အကောင်းဆုံးပြင်ဆင်ပေးခဲ့တာတွေ့ရပါတယ်။ ၎င်း လေ့ကျင့်ချိန်တွင် အောင်လအန်ဆန်းကတော့ ချစ်ခင်ရတဲ့ မြန်မာ့လက်ဝှေ့ဖိုက်တာတစ်ဦးဖြစ်တဲ့ စိုးလင်းဦးရုပ်ပုံပါအကျီၤကို ဝတ်ဆင်သင်ကြားပေးခဲ့တာပဲဖြစ်ပါတယ်။ အမိုက်စားလေ့ကျင့်သင်ကြားပေးမှုတွေပြုလုပ်ပေးခဲ့တဲ့ အောင်လအန်ဆန်းရဲ့ ဗီဒီယိုဖိုင်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VIDEO - PHOE THAW

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။