တာမွေမြို့နယ် တွင်ထွေအုပ်ရုံး ဝန်ထမ်းတစ်ဦး ကြိုးဆွဲချသေဆုံး

တာမွေမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဒုဦးစီးမှူး တစ်ဦးမတ်လ ၁၅ ရက် နံနက်၁ဝးဝ၀ နာရီအချိန်က ကြိုးဆွဲချသေဆုံးခဲ့ကြောင်းသိရှိရသည်။ ဖြစ်စဉ်မှာမြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီး ဌာန။ ရုံးဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သည့် ဒုဦးစီးမှူး ဦးနေမျိုးဆွေ အသက်(၂၇) နှစ်သည် ၄င်းနေထိုင်သည့် လိုင်းခန်းအတွင်းတွင်ကြိုးဆွဲချ သေဆုံးနေကြောင်းကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံး၏ အကြောင်းကြား ချက်အရ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဘုန်းကျော်။ စခန်းမှူး ဒုရဲမှူး ခင်စိုး။ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးလှသိန်းနှင့် ဦးသိန်းမြင့်။ မြို့နယ်ထွေအုပ် အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေ။ ဒုမြိုနယ်မှူး ဦးအောင်ကျော်စိုး တို့နှင့်အတူ အခင်းဖြစ်နေရာသို့သွားရောက် စစ်ဆေးခဲ့ရာ ဒုဦးစီးမှူး ဦးနေမျိုးဆွေ သည် ဝန်ထမ်း လိုင်းခန်းအတွင်း တံခါးများဂျက်ထိုးကာ အိပ်ခန်းအဝင် ပေါက် ထုတ်တန်းတွင် ပုဆိုးအနီအဝါကွက်အား ကြိုးသဖွယ်ပြုလုပ်ပြီး။ ညာဘက်မျက်ခုံး ကွဲလျှက်။ လျှာထွက်ကာကြိုးဆွဲချသေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိရ သည်။ ရုပ်အလောင်းအား ရဲဆေးစာနှင့်အတူ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်းနှင့် သေဆုံးမှုနှင့် ပတ် သက် ၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိကြောင်းနှင့်သေမှုသေခင်းဖွင့်လှစ်၍ ဆက် လက်ဆောင်ရွက် လျက်ရှိ ကြောင်းသိရှိရပါသည်ဟု နိုင်ငံပိုင်သတင်းစာ မြန်မာ့အလင်းတွင် တွေ့ရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။