ကမ္ဘာ့အဓိကဘာသာကြီးလေးခုဖြစ်တဲ့ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ်စလာမ်နှင့် ဗုဒ္ဓဘာသာကိုတော့ အားလုံးသိရှိကြမယ်ထင်ပါတယ်။ အခြားယုံကြည်ကိုးကွယ်မှုများစွာရှိနေပေမယ့်လည်း အဆိုပါ ဘာသာကြီးလေးခုကတော့ အဓိကလူအများဆုံးကိုးကွယ်လျှက်ရှိတဲ့ ဘာသာတွေလည်း ဖြစ်ပါတယ်။ အဆိုပါ ယုံကြည်ကိုးကွယ်မှုဘာသာတရားတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူတန်းစားများစွာကတော့ မိမိစိတ်တိုင်းကြ ပြောင်းလဲမှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။    

အဆိုပါ ပြောင်းလဲမှုတွေထဲမှာ ပရိသတ်တွေအံ့အားသင့်စေခဲ့တဲ့ နိုင်ငံခြားသားများရဲ့ ဗုဒ္ဓဘာသာအဖြစ်ခံယူမှုတွေကတော့များစွာရှိလာခဲ့တာတွေ့ရပါတယ်။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို ခံစားနားလည်လာကြပြီး ကိုယ်တိုင်တရားရှာဖွေသူတွေလည်း များစွာရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ အဆိုပါ လေ့လာသူတွေထဲမှာ ပရိသတ်များစွာလေးစားချီးကြူးခြင်းခံနေရတဲ့ နိုင်ငံခြားသား ဘုန်းကြီးတစ်ပါးရဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ ဗုဒ္ဓဘာသာဝင်နိုင်ငံခြားသားဘုန်းကြီးတစ်ပါးကတော့ တစ်ကိုယ်တည်း တောထဲနေထိုင်သူတစ်ပါးဖြစ်ပြီး ဘုန်းကြီးဝတ်နည်းတွေနဲ့အညီကျင့်ကြံနေထိုင်လျှက်ရှိကြောင်း သိရပါတယ်။ ကျောင်းအတွက်ပြင်ဆင်မှုတွေကို ကိုယ်တိုင်ပြုလုပ်ခြင်း မိမိဆွမ်းတစ်နပ်အတွက် ကိုယ်တိုင်ရှာဖွေခြင်းတွေနဲ့အတူ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရအပြည့်တရားတွေကို ရှာဖွေနေသူဘုန်းကြီးပါးပဲဖြစ်ကြောင်း သိရပါတယ်။ သာမာန်သူတွေမနေနိုင်၊ မကျင့်နိုင်တဲ့ ဗုဒ္ဓဘာသာကို လာရောက်လေ့လာနေတဲ့ အဆိုပါ ဆရာတော်ရဲ့ပုံရိပ်တွေကို ချစ်ပရိသတ်တွေဖူးမြင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

Photos - World Buddhist Gallery

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။