၂၀၁၆အတွက် အကယ်ဒမီစာရင်းဝင်တဲ့ ဇာတ်ကားအရေ အတွက်မှာ၃၃ကားဖြစ်ပြီး ယခုနှစ်အကယ်ဒမီမှာ နာမည်ကြီးသရုပ်ဆောင်များသာ တစ်နှစ်လျှင် တစ်ယောက်အလှည့်ကျပုံစံရရှိနေတဲ့ အစဉ်အလာကိုလည်းချိုးဖျက်နိုင်မယ်လို့ လက်ရှိထွက်ပေါ်နေသော တစ်ကြိုခန့်မှန်းချက်တွေကိုကြည့်ပြီး သုံးသပ်မှုများရှိနေကြောင်းသိရပါတယ်။

သုံးနှစ်ဆက်တိုက် အကယ်ဒမီရရှိခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ဦးဖြစ်သူ ပြေတီဦးရဲ့ ဇာတ်ကားတစ်ကားသာ ပါဝင်ပြီး ယင်းဇာတ်ကားမှာလည်း ဟာသကားဖြစ်တဲ့အတွက် အကယ်ဒမီမဝင်နိုင်လို့ ကာယကံရှင်ပြေတီဦးကိုယ်တိုင်က ပြောကြားခဲ့ပါတယ်။

‘‘ဒီနှစ် အကယ်ဒမီရင်ခုန်သံ ကမရှိဘူး။ သူများတွေကို အားရ ပါးရ အားပေးမယ်’’ရယ်လို့ အကယ်ဒမီပြေတီဦးကပြောကြားခဲ့ပါတယ်။ 

နေတိုးကလည်း အကယ်ဒမီစာရင်းတွင် ၎င်းပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားငါးကားပါဝင်ပေမယ့် ရင်ခုန်မှုမရှိဘဲ မျိုးဆက်သစ်တွေကိုပဲ အားပေးဖို့ တက်ရောက်မယ်လို့ ပြောကြားခဲ့ပာတယ်။

အမျိုးသားဇာတ်ဆောင်ဆုအတွက် ရေပန်းစားနေသူများအတွင်း တစ်ခါမှဆုမရဖူးသေးတဲ့ အနုပညာရှင်များပါဝင်နေပြီး ‘အုတ်ကြား မြက်ပေါက်’ ဇာတ်ကားတွင် ဖိုးသိကြားအဖြစ် သရုပ်ဆောင်ပီပြင်ခဲ့သည့် ထွန်းထွန်း၊ ‘ခိုးဆိုးလုနှိုက်’ ဇာတ်ကားတွင် ပရိသတ်အားပေးမှုရရှိခဲ့သည့် မြင့်မြတ်၊ ‘ငဘ’ရုပ်ရှင်တွင် ငဘအဖြစ် ပီပြင်ခဲ့သူ ကျော်သူနှင့် ‘ဘွန္တောကြက်သူခိုး’ ဇာတ်ကားဖြင့် အောင်ရဲလင်းတို့ဖြစ်ကြောင်းသိရပါတယ်။

အမျိုးသမီးဇာတ်ဆောင်ဆုအတွက်ရေပန်းစားနေတဲ့ သက်မွန်မြင့်ကတော့ " ချစ်လှစွာသောအမုန်းဇာတ်ကား" နဲ့ပတ်သတ်ပြီး ယခုလိုပြောကြားခဲ့ပါတယ်။

‘‘အဲဒီကားလေးကို အရမ်းသဘောကျတယ်။ ဇာတ်ကားအ နေနဲ့ကလည်း တကယ့်ကိုသီချင်း လေးထဲကအတိုင်း အချစ်ထက်မကတဲ့ မေတ္တာတွေနဲ့ ပုံဖော်ထားတာ။ ဇာတ်ကားလေးကို အရမ်းသဘောကျတယ်။ ကစ်ကစ်လည်း သူ့ကာရိုက်တာကို ပီပြင်အောင် ကြိုးစားထားတယ်။အရမ်းလည်း ပီပြင်ပါတယ်။ ရတာ၊ မရတာကတော့ကံပါပဲ။ ကိုယ်တွေဘက်ကတော့ အရမ်းကြိုးစားထားတယ်’’

အမျိုးသားဇာတ်ပို့စာရင်းတွင် လက်ရှိအစည်းအရုံးဥက္ကဋ္ဌ လူမင်းနှင့် ယခင်ဥက္ကဋ္ဌဟောင်း ဇင်ဝိုင်းတို့ အားပြိုင်နေပြီး လူမင်းက၂၀၁၆ အကယ်ဒမီဆုပေးပွဲအခမ်းအနားတွင် သရုပ်ဆောင်ဆုထက် ဒါရိုက်တာဆုကိုရချင်ကြောင်း ပြောကြားခဲ့ပါတယ်။ 

Source : 7days

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။