ပြည်တွင်း ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ အထွဋ်အမြတ်ထားရာ ရတနာ ၅ ပါးထဲမှာ မိဘဆိုတာကတော့ ဘုရားနဲ့ တကိုင်းတည်းနီးပါး တည်ထားကိုးကွယ်ရတဲ့ ရတနာတစ်ပါးပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ရာဇဝင်တွေထဲမှာလည်း မိဘကျေးဇူးနဲ့ပတ်သက်ပြီး ဖွဲ့နွဲ့မှုတွေနဲ့အတူ အခြားအခြားသော သာဓကတွေကတော့ များစွာရှိခဲ့ပါတယ်။ အဆိုပါ သာဓကထဲက ဖြစ်ရပ်တစ်ခုကိုတော့ လက်ရှိအပြင်လောကမှာ မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရတာတွေ့ရပါတယ်။  

အဆိုပါ ဖြစ်စဉ်လေးကတော့ ဗုဒ္ဓဘာသာကိုယ်တော်တစ်ပါးရဲ့ ဖခင်ဖြစ်သူကို လုပ်ကျွေးမှုပြုလုပ်နေတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ၎င်းပုံရိပ်လေးတွေကတော့ လက်တလော ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိပြီး ဖခင်အိုတစ်ဦးအပေါ် ဗုဒ္ဓဘာသာသင်္ကန်းဝတ်နဲ့ လာရောက်ပြုစုလုပ်ကျွေးနေတဲ့ သားဖြစ်သူဆရာတော်တစ်ပါးရဲ့ ကြည်ညိုမွန်မြတ်စရာ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။  

ဗုဒ္ဓဟောကြားသော တရားတော်တွေထဲမှာလည်း မိဘလုပ်ကျွေးမှုပြုတဲ့ သာသနာ့ဘောင်ဝင်နွယ်ဖွားတွေရဲ့ အကြောင်း တွေကများစွာရှိနေပြီး အတုယူလေးစားစရာ စိတ်ထားလေးတွေကို ပြည်တွင်းသာသနာ့နွယ်ဖွားတွေကဆက်လက်ထိန်းသိမ်းထားတာကို လက်တွေ့တွေ့မြင်ခဲ့ရပြီပဲဖြစ်ပါတယ်။ လေးစားစရာကောင်းတဲ့ ဗုဒ္ဓနွယ်ဖွားဆရာတော်တစ်ပါးရဲ့ ဖခင်ဖြစ်သူကို လုပ်ကျွေးမှုပြုလုပ်နေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - အရှင်စိတ္တိကရ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။