လွှမ်းပိုုင် နဲ့ ဘန်နီဖြိုးက တော့ အလန်းစားရိုက်ချက်တွေလုပ်ချလိုက်ပြန်ပါပြီ။

အမေပြောတဲ့ အမောပြေ သီချင်းလေးအတွက် MTV ရိုုက်ကွင်းအချို့ကို အမြည်းလေးအဖြစ် လူမှုကွန်ရက်မှာ မနေ့က တင်ပေးထားပါတယ်။

ဒီသီချင်းလေးထဲမှာ အဘိုးအိုနှစ်ယောက် ပုံစံသရုပ်ဆောင်ထားတဲ့ သူတို့နှစ်ယောက်ကို ရုတ်တရက်စမြင်မြင်ချင်းမှာ မိတ်ကပ်အပြင်အဆင်ကြောင့် လုံးဝကို လူမှားသွားလောက်ပါတယ်။

ပြီးခဲ့တဲ့မတ်လ (၄)ရက်နေ့က သူတို့နှစ်ယောက်ရဲ့ “အမေပြောတဲ့ အမောပြေ” သီချင်းသစ်လေးအတွက် ထိုင်ဝမ်မော်ဒယ် Jessica Baby Fat ကို မြန်မာပြည်ကို ဖိတ်ကြားခဲ့ပါတယ်။

ထိုင်ဝမ်မော်ဒယ် ဂျက်စီကာ ဘေဘီဖက် ဟာ သူမရဲ့ ကိတ်လွန်းတဲ့ Body ကောက်ကြောင်းတွေကြောင့် လူမှုကွန်ရက်မှာလည်း ပုရိသတွေရဲ့ အသည်းစွဲဖြစ်နေသူပါ။

သူတို့ရဲ့ ပရိသတ်တွေကတော့ဒီသီချင်းMTV ကို အမြန်ဆုံးကြည့်ချင်လှပြီလို့ ကွန့်မန့်တွေပေးထားကြပါတယ်။ ဒါ့အပြင် အမေပြောတဲ့ အမောပြေဆိုတာ ဂျက်စီကာ ဖတ် ကို ပြောတာလို့အမျိုးမျိုး ထင်ကြေးပေးကြပါသေးတယ်။

ကဲ နောက်ဆုံးအခန်းမှာ သူတို့ ဘယ်သူ့ကိုမြင်ပြီး အံ့အားသွားကြတာလဲ။ 

သတင်းအရင်းမြစ် Hlwan Paing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။