မွန်မြတ်တဲ့အလုပ်ကို လုပ်တတ်တဲ့ ဟောလိဝုဒ်စတား ဆလီနာဂိုးမက်ဇ် ဟာ မျက်နှာလေးချစ်စရာကောင်းသလို စိတ်ထားလေးကောင်းတယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲ။

ပရိသတ်အချစ်တော် အဆိုတော်ဆလီနာ ဟာ သူမကိုယ်တိုင်ခံစားနေရတဲ့ Lupus ရောဂါကို ကုသဖို့အတွက် နည်းလမ်းရှာဖွေနေတဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ကို ငွေကြေးလှုဒါန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အဆိုပါရောဂါအကျိုးဆက်အဖြစ် စိတ်ကျဝေဒနာနဲ့ စိုးရိမ်ကြောင့်ကျမှုတွေ ခံစားခဲ့ရတဲ့ ဆလီနာဟာ ရှိုးပွဲတွေ အနုပညာအလုပ်တွေတောင် ဖျက်သိမ်းခဲ့ရပြီး ပြန်လည်ထူထောင်ရေးစခန်းကို သွားနေခဲ့ရပါတယ်။

ဒါ့ကြောင့်လည်း အသက်(၂၄)နှစ်အရွယ် ဆလီနာ ဟာ Keck ဆေးတက္ကသိုလ်က ပြုလုပ်မယ့် လူးပက်ရောဂါရှာဖွေမှုသုတေသန အတွက် လှုဒါန်းမှုပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

Selena Gomez Fund လို့အမည်ရတဲ့ သူမရဲ့ ရန်ပုံငွေပရောဂျက်ကို စတင်နေပြီဖြစ်ပြီး သူမအနေနဲ့ အခုလို လုပ်ဆောင်မှုအတွက် ပံ့ပိုးကူညီခွင့်ရတာကိုလည်း ဂုဏ်ယူကြောင်း အခုလို ပြောခဲ့ပါတယ်။

“လူးပက် သုတေသနရဲ့ တိုးတက်မှုနဲ့ ပတ်သက်ပြီး ကျွန်မ ယုံကြည်ပြီးသားပါ။ Keck တက္ကသိုလ်မှာ အလားလာရှိတဲ့လုပ်ဆောင်ချက်အတွက် ကျွန်မ ဂုဏ်ယူမိပါတယ်”လို့ သူမကပြောခဲ့ပါတယ်။

ဂျက်စတင်ဘီဘာရဲ့ ရည်းစားဟောင်းဖြစ်ခဲ့တဲ့ ဆလီနာ ရဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေလည်း ပိုချစ်ကြမယ်ထင်ပါတယ်။  

သတင်းအရင်းမြစ် metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။