Taylor Swift ဟာဆိုရင် ခုချိန်မှာ အသက်၂၉ရှိပြီဖြစ်ပြီး တနင်္ဂနွေနေ့ကပြုလုပ်သွားတဲ့ Golden Globes ပွဲမှာ ဂီတနဲ့ပတ်သက်တဲ့ ဆုနှစ်ဆုကို ရရှိခဲ့ပါတယ်။ အဲ့ပွဲမှာ သူရဲ့ကောင်လေးဖြစ်တဲ့ Joe Alwyn ကပရိသတ်နေရာကနေ ကြည့်ရှူခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ Golden Globes ပွဲအပြီးမှာ သူတို့နှစ်ယောက်ကဆက်လက်ပြီး Club တစ်ခုတို့သွားရောက် ကိုယ်ပိုင်အချိန်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ သူတို့နှစ်ယောက်ပုံကို ပရိသတ်တစ်ယောက်က ဓာတ်ပုံရိုက်ပြီး Instagram ပေါ်သို့တင်ခဲ့ပါတယ်။ 

ပုံထဲမှာဆိုရင်တော့ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ထားတာတွေ့နိုင်ပါတယ်။ အခုGolden Globes ဆုပေးပွဲမှာလဲ သူ့ကောင်မလေးကို ပရိသတ်နေရာကနေ ကြည့်ရှူလို့နေခဲ့ပါတယ်။ Taylor အစီအစဉ်ကြေငြာနေတဲ့အချိန်မှာ Joe က ပြုံးပျော်ရွှှုင်နေပြီး Nicholas Hoult ကသူရဲ့ကျောကုန်းကို ဖွဖွလေးပုတ်ပေးခဲ့ပါတယ်။ Joe ရဲ့ရုပ်ရှင်ဖြစ်တဲ့ The Favourite ကတော့ ဆု၅ဆုရရှိခဲ့ပါတယ်။ ဆုပေးပွဲပြီးတဲ့နောက်မှာတော့ Taylor နဲ့ Joe တို့ဟာ Club တစ်ခုတို့သွားရောက်ခဲ့ပါတယ်။

Pop အဆိုတော်နဲ့ သရုပ်ဆောင် မင်းသားတို့ဟာ တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ပြီး နောက်ထပ်ပွဲ၃ပွဲကို ဆက်လက်သွားရောက်ခဲ့ပါတယ်။ Netflix's post-show event မှာဆိုရင် သူတို့နှစ်ယောက်ရဲ့ စားပွဲမှာ James Bond Star ဖြစ်တဲ့ Daniel Craig နဲ့သူမိန်းမဖြစ်တဲ့ မင်းသမီး Rachel Weisz ရယ် Taylor ရဲ့သူငယ်ချင်းဖြစ်တဲ့ Emma Stone နဲ့သူရဲ့ကောင်လေးဖြစ်တဲ့ filmmaker Dave McCary တို့နဲ့ပုံအတူတူရိုက်ပြီး တင်ခဲ့ပါတယ်။ ပွဲတွေတော်တော်ကိုဆက်ခဲ့ပါတယ်။

Source : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။