အနုပညာလောကမှာ သီချင်းအဆိုပိုင်းကိုလည်း ပိုင်ဆိုင်သလို သရုပ်ဆောင်ပိုင်းကိုလည်း ပိုင်နိုင်တဲ့ စွယ်စုံရအနုပညာရှင်တွေ ထူးထူခြားခြားလေးနဲက ရှားရှားပါးပါးလေး ရှိနေတတ်သလို အဲ့ဒီအထဲမှာ တစ်ယောက်အပါဝင်ဖြစ်တဲ့ ဦးစိုင်း တော့ ချန်ထားလို့မရပါဘူး။ အနုပညာပညာလောကမှာ (၁၀) စုနှစ်မကတဲ့ အတွေ့အကြုံ အရည်အချင်းတွေနဲ့အတူ တည်ငြိမ်ရင့်ကျက်ပြီး လူကြီးဆန်တဲ့ လူငယ်တစ်ဦးအဖြစ် သူ့ရဲ့ ပရိသတ်တွေကပါ လေးစားရတဲ့ လူငယ်အနုပညာရှင်တစ်ဦးလို့ ဆိုနိုင်ပါတယ်။

အရွယ်စုံမိန်းကလေးပရိသတ်တွေရဲ့ နှစ်ထမ်းကြာအောင် အခိုင်အမာအားပေးခြင်းနဲ့အတူ ယနေ့တိုင် အနုပညာလောကမှာ နာမည်ပျက် ၊ မရှိ ရပ်တည်နေနိုင်ပြီး တဖက်မှာ လူငယ်စာရေးဆရာတစ်ယောက်၊ စီးပွားရေးပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်နာမည် တံဆိပ်ဖြစ်တဲ့ SAI ( Sexy and intelligent) အလှကုန် Brand အမျိုးအစားဟာ မိန်းကလေးပရိသတ်တွေရဲ့ မှန်တင်ခုံပေါ်တိုင်းမှာ နေရာယူထားနိုင်လောက်အောင် အရည်အသွေးနဲ့ ဝန်ဆောင်မှုကောင်းမွန်အောင် အကောင်အထည်ဖော်နိုင်ခဲ့တဲ့ Founderတစ်ဦးဖြစ်ပါတယ်။

လတ်တလောမှာ ရုံတင်ပြသခဲ့ပြီး ဦးစိုင်းရဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကြီးဖြစ်တဲ့ "ရည်းစားတဝမ်းကွဲ" ရုပ်ရှင်ကို မင်းသမီးချော ဖွေးစိန်လေးနဲ့ အတူ လူငယ်ဆန်ဆန်အချစ်ဟာသဖန်စီဇာတ်လမ်းလေးအဖြစ် ရေပန်းစားအောင်မြင်မှုတချို့ ရရှိခဲ့ပြန်ပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ မေဂျာပေါင်းစုံ Fresher Welcome ပွဲလေးကို သွားရောက်ဖျော်ဖြပေးခဲ့ပြီး တက္ကသိုလ်ပေါင်းစုံက အချောအလှ Queen ၊ King တွေနဲ့အတူ ရန်ကုန်တက္ကသိုလ်ရဲ့ မေဂျာပေါင်းစုံကျောင်းသားကျောင်းသူတွေရဲ့ စည်းစည်းလုံးလုံး ၊ ညီညီညာညာအာေးပးခြင်းနဲ့အတူ တကယ့်ကို ပျော်ရွှင်ဖွယ် ကျောင်းသားဘဝအမှတ်တရလေးအဖြစ် ဦးစိုင်းတစ်ယောက် ပါရမီဖြည့်တင်းပေးခဲ့ပါတယ်။

Source:Sai Sai Kham Leng ၊Hein Htet Zaw ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။