ကမ္ဘာ့နိုင်ငံများစွာရှိ ကလေး၊ လူကြီးများစွာခံစားနေရတဲ့ ရောဂါဝေဒနာတွေကတော့အများကြီးပဲရှိပါတယ်။ အဆိုပါရောဂါဝေဒနာတွေထဲမှာ မွေးရာပါဝေဒနာသည်တွေနဲ့အတူ ထိခိုက်မှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ဝေဒနာရှင်များစွာလည်း ရှိတာတွေ့ရပါတယ်။ အဆိုပါမွေးရာပါဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေထဲမှာ ပြည်တွင်းရှိ ကလေးငယ်များစွာလည်း ပါဝင်လျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ ကလေးငယ်တွေထဲမှာ ဗန်းမော်ခရိုင်မိုးမောက်မြို့နယ်ရှိ မြို့သစ်နေ တစ်နှစ်သားကလေးတစ်ဦးရဲ့ သနားစရာဖြစ်စဉ်လေးကတော့ ပရိသတ်တွေတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ၎င်းကလေးငယ်လေးကတော့ ဦးခေါင်းမှာ ရေအိတ်တည်လို့ ခေါင်းကနေ ဆီးအိမ်အထိပိုက်ထည့်ထားရပါတယ်။ ဒါ့အပြင် မွေးရာပါ အာခေါင် မပါသည့်အပြင် လက်တွေကလည်း ကပ်နေသေးတာတွေ့ရပါတယ်။ ပထမအကြိမ် ခွဲစိတ်မှုကိုတော့ နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး အခု အာခေါင်ခွဲဖို့ နေပြည်တော်က မန်းလေးဆေးရုံကို လွှဲထားကြောင်း သိရပါတယ်။ 

ကလေးရဲ့ အာခေါင်ခွဲတာက နိုင်ငံခြားက ဆရာဝန်တွေလာမှ ခွဲလို့ရမှာဖြစ်ပြီး ထပ်ခွဲဖို့ အဲ့အချိန်ကို စောင့်နေရကြောင်းသိရပါတယ်။ အခုလောလောဆယ် ကလေးကတော့ ဆေးရုံမတတ်သေးပေမယ့် ကလေးဟာ အာခေါင်မပါတဲ့ အတွက် ထမင်းစားလို့ မရပါ နို့မှုန့်သောက်နေရပါတယ်။ သာမာန်ဝန်ထမ်းမိဘတွေမှမွေးဖွားထားသူတစ်ယောက်ဖြစ်လို့ ကလေးအတွက် လိုအပ်ချက်တွေရှိနေကြောင်း သိရပါတယ်။ အလှူရှင်တွေပေါ်တဲ့အထိ စောင့်နေရတဲ့ တစ်နှစ်သားကလေးငယ်ရဲ့ လက်ရှိပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - WAI WAI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။