Man Unitrd ဟာ မော်ရင်ဟိုကိုထုတ်ပြီးနောက် ဆိုးရှားကို ရာသီကုန်တဲ့အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဆိုးရှားရောက်ပြီးနောက်မှာ မန်ယူဟာ နိုင်ပွဲဆက်နိုင်ခဲ့ပြီး Pogba ဟာလဲနေရာကောင်း ပြန်လည်ရခဲ့ပါတယ်။ ဒီအပတ်မှာဆိုရင်တော့ မန်ယူဟာ စပါးနဲ့တွေ့ရမှာဖြစ်ပါတယ်။ Fa ဖလားပွဲမှာဆိုရင်လဲ အာဆင်နယ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ အဲ့လိုရင်ဆိုင်မတွေ့ခင် မန်ယူဟာ ခုချိန်မှာဆိုရင်တော့ ဒူဘိုင်းမှာ လေ့ကျင့်ခန်းဆင်နေပါတယ်။ လေ့ကျင့်ခန်းဆင်းနေတဲ့ ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Dubai ကိုသွားရောက်လေ့ကျင့်တဲ့နေ့မှာ Pogba ဟာ Newcastle နဲ့ပွဲကဒဏ်ရာကြောင့် ကျန်နေခဲ့ပါတယ်။ ခုချိန်မှာတော့ ဒဏ်ရာဟာ သက်သာပြီဖြစ်တဲ့အတွက် Dubai မှာလေ့ကျင့်ခန်းဆင်းနေပါပြီ။ ဆိုးရှားက " ကံကောင်းစွာဖြင့်ပဲ ဒီအပတ်ထဲမှာ Paul ရဲ့ခြေစွမ်းကို ပြန်လည်ရခဲ့ပါတယ်....Marcos Rojo ကတော့ သူဒဏ်ရာက ထင်ထားသလို မသက်သာတဲ့အတွက် အိမ်ကိုပြန်သွားပါပြီ " လို့ပြောကြားခဲ့ပါတယ်။ Eric Bailly ကလဲခုချိန်မှာသူကိုယုံကြည်နိုင်ကြောင်းကို လက်မောင်းလက်တန်း ဆန့်ကာ ပြသခဲ့ပါတယ်။ 

Jesse Lingard ကလဲလေ့ကျင်းရေးကွင်းမှာ လေ့ကျင့်လိုပြီးတဲ့ချိန်မှာ Selfie ပုံစံအသစ်ဖြစ်တဲ့ ဖုန်းနဲ့မရိုက်ပဲ ကင်မရာနဲ့ရိုက်ခဲ့ပါတယ်။ တော်တော်ကို ပြောင်တဲ့သူပါပဲဗျာ....။ Romelu Lukaku ကတော့ သူ့ကိုဓာတ်ပုံရိုက်လို့ရိုက်မှန်းမသိပဲ ရုပ်တည်နဲ့ထိုင်နေတဲ့ပုံကို Snap ရိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မန်ယူကို ကောင်းသောယူဆောင်ခြင်းတွေနဲ့ နိုင်ပွဲတွေယူဆောင်လာပေးတဲ့ ဆိုးရှားကတော့ ပြုံးပျော်ရွှင်စွာ ရှိနေတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ အသင်းအပေါ်မှာ ပီတိတွေဖြစ်ပြီါ် အသင်သားတွေရဲ့ နားလည်မှုကို ရယူလို့ထားတဲ့ နည်းပြတစ်ယောက်ပဲဖြစ်ပါတယ်။

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။