လူတိုင်းကတော့ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူလေးကို လက်ဆွဲပြီး နာမည်ကြီးနေရာလေးတွေကိုအတူတူသွားချင် ပျော်ချင်ကြတာပါပဲဗျာ။ အခုမသွားနိုင်သေးရင်တောင်အခြေအနေအတိုင်းအတာတစ်ခုကိုရောက်ရင်သွားနိုင်ရမယ်ဆိုပြီးဆုံးဖြတ်ထားကြတဲ့ စုံတွဲလေးတွေလည်းအများကြီးပါ။ဆိုတော့ သွားချင်စိတ်တွေ Motivationတွေတက်လာပြီး နှစ်ဆသုံးဆလောက်ကြိုးစားချင်သွားအောင် ချစ်သူနဲ့လည်လို့ပတ်လို့ကောင်းတဲ့ ကမ္ဘာ့ အမိုက်ဆုံးနေရာလေးတွေကိုပြောပြပါမယ်နော်။

(၁) Salar De ဆားရေကန်

အရမ်းမိုက်တဲ့နေရာတစ်ခုပါ။ အောက်မှာမြင်နေရတာကတော့ အရမ်းကိုအစိုင်အခဲကြီးမားပြီး ကြည်လင်နေတဲ့ ရေထုရဲ့အပေါ်မှာ တက်နေတဲ့ဆား အပေါ်ယံလွှာတွေပဲဖြစ်ပါတယ်။ အောက်ဖက်ကိုဖောက်မမြင်ရပေမယ့် အပေါ်ကကောင်းကင်က ရောင်ပြန်ဟပ်ပြီး တော့ မြေပြင်ဟာ ကြီးမားတဲ့မှန်တစ်ချပ်လိုပဲ ဖြစ်နေတဲ့ ကမ္ဘာ့အကြီးဆုံး ဆားရေကန်ပါ။ တောင်အမေရိကက Boliviaမှာရှိတာပါ။

(၂)မြင်းခေါင်းတောင်ကျောက်ဆောင်

ကြည့်လိုက်တာနဲ့အရမ်းကို ထူးဆန်းပြီးလှနေတဲ့နေရာလေးပါ။ UKရဲ့ နာမည်ကြီးJurassicကမ်းခြေမှာရှိတဲ့ မြင်းပုံသဏ္ဍာန် ထုံးကျောက်ဆောင်အငူပဲဖြစ်ပါတယ်။ ဒီပေါ်ကနေတက်ပြီး နေဝင်တာကိုကိုယ်ချစ်သူနဲ့နှစ်ယောက်တည်းကြည့့်ပြီးRoလို့ကောင်းတဲ့နေရာလေးပါ။

(၃)တက်ကပိုရေကန်

အနေအထားကတော့ အရမ်းကို လှပလွန်းတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ နယူးဇီလန်မှာတော့ ခရီးသွားတော့အများဆုံးဖြစ်တဲ့ ရေကန်လေးပါ။ လာဗင်ဒါပန်းတွေ မော့စ်ပန်းပွင့်တွေကတော့ ကန်ပတ်လည်မှာဝိုင်းနေတာပါပဲ။ဒီနေရာတွေက ဓာတ်ဖမ်းလို့အကောင်းဆုံးနေရာတွေပါပဲ။

(၄)ဟာဝိုင်ယီက မောလ်လကိုင်ကျွန်း

မိုဟားနားကာတွန်းကားလေးထဲကနေရာလေးကိုတကယ်ရောက်ရှိသွားသလို ခံစားရမှာဖြစ်ပါတယ်။ဟာဝိုင်ယီကျွန်းစုတွေထဲမှာဆိုရင်တော့ ဒီကျွန်းလေးကအလှဆုံးလို့ပြောလို့ရပါတယ်။ဒီနေရာကိုသာခေါ်သွားရင် ကိုယ့်ချစ်သူကောင်မလေး အရမ်းကိုပျော်နေမှာသေချာပါတယ်။

(၅)စိန့်ဘာဆေးလ် ဘုရားကျောင်း

ဒါကလည်း ရုပ်ရှင်တွေ ကာတွန်းဇာတ်လမ်းတွေထဲမှာတွေ့နေကျ နေရာလေးပါပဲ။ အရမ်းကိုကြီးမားတဲ့ ဘုရားကျောင်းတစ်ကျောင်းလည်း ဖြစ်ပြီးရုရှားနိုင်ငံမှာတည် ရှိတာပါ။ အပြင်ပန်းတွေတင်မဟုတ်ပါဘူး အတွင်းဘက်အပြင်အဆင်တွေကလည်း အရမ်းကိုလက်ရာမြောက်လွန်းတာကြောင့် သင်တို့ရဲ့ ပျော်စရာခရီးစဉ်လေးကို အမှတ်တရတွေအများကြီးပေးနိုင်တဲ့နေရာလေးပါပဲ ပရိတ်သတ်ကြီးရေ။

Source : Youtube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။