ဒီကလေးငယ်လေးရဲ့အဖြစ်အပျက်ကတော့ တကယ့်ကိုမှကြေကွဲစရာကောင်းလှတဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ။

ဒီကလေးငယ်လေးဟာ အမေမွေးစဉ်ကတော့ သာမန်လူတွေကို လူကောင်းပကတိတစ်ယောက်ဆိုပေမယ့် တနေ့ သူ့အဖေနဲ့ အမေရန်ဖြစ်တဲ့ အချိန်မှာတော့ ဒီကလေးရဲ့ ဘဝဟာလုံးဝကိုပြောင်းလဲသွားခဲ့ရပါတယ်။

ဘာကြောင့်လဲဆိုရင် အဖေဖြစ်သူက စိတ်တိုပြီး အမေဖြစ်သူကို အက်စစ်နဲ့ပက်လိုက်ပေမယ့် အဲ့ဒီအက်စစ်ဟာ အမေကိုမထိဘဲ ဘေးကရပ်ကြည့်နေတဲ့ ဒီကလေးငယ်လေးကိုစင်ပြီး ကလေးငယ်လေးရဲ့ မျက်နှာတခြမ်းဟာ အရေပျော်ကြသွားသလို လုံးဝပျက်စီးသွားခဲ့ရပါတယ်။

ဘယ်လောက်ထိတောင်ပျက်စီးသွားသလဲဆိုရင်တော့ ယခုပရိသတ်တွေ မြင်တွေ့နေရတဲ့ ပုံထဲကအတိုင်းပါပဲ။ 

အဖေဖြစ်သူရဲ့ လူမဆန်တဲ့ လုပ်ရပ်ကြောင့် ဒီကလေးငယ်လေးရဲ့ဘဝဟာ ပြန်လည်အဖတ်ဆယ်လို့လည်း မရနိုင်တော့သလို တသက်လုံး အခုလိုပုံပျက် ပန်းပျက်ကြီးနဲ့ နေထိုင်သွားရေတော့မှာပဲဖြစ်ပါတယ်။

မိဘတွေရဲ့ အညှိုးပွားမှုကနေ မဆီမဆိုင်ဘဲ သူ့ဘဝနဲ့ရင်းပြီး ပေးဆပ်လိုက်ရတဲ့ ဒီကလေးငယ်လေးရဲ့အဖြစ်ကတော့ တွေးလိုက်တိုင်းတွေးလိုက်တိုင်း ကြေကွဲစရာကောင်းလှပါတယ်။  

SOURCE - Rebel Circus

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။