ပရိသတ်တွေအထူးစိတ်ဝင်စားတဲ့ ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ Master Chef Myanmar ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ကူညီခဲ့တဲ့ Chef Michel Louis Meca ဟာဆိုရင် မနေ့က 9.1.2019 မှာပဲ ပြင်သစ်နိုင်ငံမှာ ရုတ်တရက်နှလုံးရပ်ပြီး သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ် Chef ရေ ကောင်းရာဘုံဘဝကို ရောက်ရှိနိုင်ပါစေနော်။

မြန်မာနိုင်ငံရဲ့အတော်ဆုံး Chef ကို ရွေးချယ်တဲ့ ဒီအစီအစဉ်လေးမှာ တိတိကျကျနဲ့ ကောင်းကောင်းမွန်မွန် အကဲဖြတ်ခဲ့တဲ့ ဒိုင်သုံးဦးစလုံးဟာ တကယ့်ကို Professional တွေပါပဲ။ ဒီလို Chef Michel Louis Meca ဆုံးသွားပြီဆိုတဲ့ သတင်းကို မြန်မာနိုင်ငံမှာ တာဝန်ကျနေတဲ့ ပြင်သစ်ဆရာဝန် ဒေါက်တာ Olivier က ပြောပြခဲ့တာပဲဖြစ်ပါတယ်။

ကမ္ဘာမှာအရည်အချင်းပြည့်ဝတဲ့ Chef တစ်ယောက် လျော့သွားတာမို့ တကယ့်ကိုစိတ်မကောင်းစရာပါပဲ။ ပြိုင်ပွဲတျောက်လျောက်မှာလည်း ပြိုင်ပွဲဝင်တွေကို အားပေးစကားတွေပြောပြီး အားတက်စေခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလိုသတင်းဆိုးကြီးကြောင့် Master Chef Myanmar ပြိုင်ပွဲဝင်တွေနဲ့ လုပ်ေ်ဖာ်ကိုင်ဖက်တွေအားလုံး စိတ်မကောင်းဖြစ်နေကြမှာပါ။ Rest in Peace Chef.

Source - Kaung Htet Zaw / Photo - Michel Louis Meca

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။