ပရိတ်သတ်ကြီးရေ... အဆိုကောင်း သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးချောလေး ဆုပန်ထွာဆိုတာပရိတ်သတ်ကြီးရဲ့အသည်းကျော်လေးပါပဲနော်။ဟိုးအရင် ဗီဒီယိုဇာတ်ကားတွေခေတ်စားတဲ့ကာလကနေအခုချိန်ထိ သူမကိုအားပေးတဲ့ပရိတ်သတ်တွေက ဒုနဲ့ဒေးပါပဲ။ အခုအချိန်မှာဆိုရင် ပရိတ်သတ်တွေအားကျနေရလောက်တဲ့ သာယာတဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်။

သူမရဲ့ သားလေးဖြစ်သူ roar roarလေးဟာလည်း ပရိတ်သတ်တွေသည်းသည်းလှုပ်အရမ်းကိုချစ်နေရတဲ့သူလေးပါပဲနော်။အရမ်းကိုလိမ္မာလွန်းတဲ့အမေတူသားလေးဖြစ်နေတာကြောင့်လည်း အသည်းယားပြီးအချစ်ပိုနေရခြင်းပဲဖြစ်ပါတယ်နော်။ ဆုပန်ထွာဟာ သူမတို့ရဲ့မိသားစုစီးပွားရေးအနေနဲ့ Vape Cityဆိုင်လေးတွေကို ဇနီးမောင်နှံနှစ်ယောက်ပေါင်းပြီးဖွင့်လှစ်ထားပါသေးတယ်။ သရုပ်ဆောင်လည်းကောင်း စီးပွားရေးဘက်မှာလည်းတော်တဲ့ မေမေဆုပန်ထွာဟာ လတ်တလောမှာတော့ showပွဲလေးတွေလိုက်ဆိုဖြစ်နေပါတယ်။

သူမဟာအမြဲတမ်းလိုလိုတော့ သူမရဲ့အသားအရေလေးကိုဂရုစိုက်ဖြစ်ကြောင်းဆိုထားပါတယ်။"ကိုယ့်မျက်နှာလေးကိုအလှဆုံးဖြစ်အောင် ကိုရီးယားမှာသွားပြင်ပေးခဲ့တာ တစ်နှစ်ကျော်ပြီပေါ့"လို့လည်း ပြန်ပြောပြထားပါသေးတယ်။ ဒါ့အပြင် လာမယ့်၂၆ရက်နေ့မှာ သူမပြနေကျ အရေပြားအထူးကုဆေးခန်းလေးကို ကိုရီးယားကဆရာဝန်ကြီးတွေကိုကိုယ်တိုင်လာရောက်မှာဖြစ်တဲ့အတွက် သူမမျက်နှာလေးကိုFollow upလုပ်ကြည့်အုံးမယ်လိုလည်းပြောပြခဲ့ပါသေးတယ် ပရိတ်သတ်ကြီးရေ။

Source : Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။