ခံစားချက်အပြည့်သီချင်းလေးတွေနဲ့တူတူ ပရိသတ်တွေရဲ့အသည်းတစ်ခုလုံးကိုသိမ်းပိုက်ထားနိုင်တာကတော့အဆိုတော်မလေးအိမ့်ချစ်ပဲ

ဖြစ်ပါတယ်။အသံလေးကောင်းရုံသာမကမျက်နှာလေးကလည်းချစ်ဖို့ကောင်းတာကြောင့်ပရိသတ်တွေပိုအချစ်တိုးနေရတာဖြစ်ပါတယ်။

သူမကတော့ရှိုးပွဲလေးတွေတိုင်းမှာအမြဲတွေ့ရပြီးအနုပညာအလုပ်တွေကိုပရိသတ်အတွက်မပြတ်တမ်းကြိုးစားနေတာဖြစ်ပါတယ်။ 

သူမကတော့ပရိသတ်တွေအတွက်သီချင်းသစ်တွေထွက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။အိမ့်ချစ်ကတော့အမြဲတမ်းပွင့်ပွင့်လင်းလင်းနဲ့မာနကင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဘာသာတရားလည်းကိုင်းရှိုင်းပြီးဘုရားတရားလေးတွေကိုလည်းအမြဲတက်နိုင်သလောက်လုပ်နေတာဖြစ်ပါတယ်။သူ့ရဲ့ရိုသေတက်တဲ့စိတ်ထားတွေကေဘေးကကြည့်နေရတဲ့ပရိသတ်တွေတောင်အားကျမိမှာအမှန်ပဲဖြစ်ပါတယ်။

အိမ့်ချစ်ကတော့ ခုမှာဘုရားဖူးတွေသွားပြီးကုသိုလ်ကောင်းမှုလေးတွေကိုလုပ်နေတာဖြစ်ပါတယ်။အိမ့်ချစ်ကတော့ကသာမြို့ကဘုရားမှာ မဟာသမယသုတ် ပဌာန်းပါဠိတော် ရွတ်ဆိုပူဇော်ခဲ့ပါတယ်။အိမ့်ချစ်ကတော့စာသင်ကျောင်းလေးတစ်ကျောင်းကို

ရောက်သွားပြီးကလေးတွေကိုစာတွေသင်ပေးရင်းနဲ့သီချင်းတွေလည်းဆိုပြခဲ့ပါသေးတယ်။လက်ရှိဘဝလေးမှာအပျော်ရွှင်ဆုံးနဲ့စိတ်ချမ်းသာအောင်နေတက်တဲ့ အိမ့်ချစ်ရဲ့ပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Eaint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။