ရီးရဲလ်မက်ဒရစ်အသင်းသည် မန်ယူအသင်းနှင့်လမ်းခွဲခဲ့သည့် နည်းပြမော်ရင်ဟိုကို ခေါ်ယူရန်ဆွေးနွေးနေကြောင်း The Sun သတင်းစာကဖော်ပြခဲ့သည်။ ရီးရဲလ်မက်ဒရစ်အသင်းသည် လက်ရှိနည်းပြ ဆိုလာရီလက်ထက်တွင် အသင်းကိုရလာဒ်ကောင်းပြန်လည်ရရှိရန် စွမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် နည်းပြမော်ရင်ဟိုနှင့်အစားထိုးရန် ပြင်ဆင်နေ့ခြင်းဖြစ်သည်။ နည်းပြမော်ရင်ဟိုနှင့်ရီးရဲလ်မက်ဒရစ်အသင်းတို့အကြား ဆွေးနွေးမှုသည် အခက်အခဲရှိနေပြီး မန်ယူအသင်းသည် ၎င်းကိုထုတ်ပယ်ခဲ့သော်လည်း စာချုပ်တွင်ပါဝင်သည့်အချက်အလက်အရ လျော်ကြေးငွေ ၁၅ သန်းအထိ ပေးချေရမည် ဖြစ်သည်။ 

မန်ယူအသင်းသည် နည်းပြမော်ရင်ဟိုကို လျော်ကြေးငွေပေးချေရခြင်းမရှိသေး သည့်အတွက်ရီးရဲလ်မက်ဒရစ်အသင်းနှင့် ၎င်းတို့ကြား ဆွေးနွေးရန်အခက်အခဲ ရှိနေသည်။ ရီးရဲလ်မက်ဒရစ် အသင်းဥက္ကဌ ပီရက်ဇ်သည် ၂၀၁၀ ပြည့်နှစ်က နည်းပြမော်ရင်ဟိုကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ဖူးပြီး ကစားသမားများနှင့် ပြဿနာဖြစ်ခဲ့သည့်အတွက် ၂၀၁၃ ခုနှစ်တွင်ရာထူးမှ ထုတ်ပယ်ခဲ့သည်။  

သို့သော်နည်းပြမော်ရင်ဟိုနှင့်ပီရက်ဇ်တို့အကြား ကောင်းမွန်သောဆက်ဆံရေးများ ရှိနေဆဲဖြစ်ပြီး ပီရက်ဇ်က နည်းပြမော်ရင်ဟိုကို ပြန်လည်ခေါ်ယူရန်ပြင်ဆင်လျက်ရှိသည်။ နည်းပြမော်ရင်ဟိုအနေဖြင့် ရီးရဲလ်မက်ဒရစ်အသင်းနှင့်စာချုပ်ချုပ်ဆိုမည်ဆိုပါက ၎င်းကိုထုတ်ပယ်ခဲ့သည့် မန်ယူအသင်းအား လျော်ကြေးငွေ ပြန်လည်ပေးဆောင်ရမည့် အခြေအနေဖြစ်သည့်အတွက် ရီးရဲလ်မက်ဒရစ်အသင်းနှင့်နည်းပြမော်ရင်ဟိုတို့အကြား ဆွေးနွေးမှုခက်ခဲနိုင်ကြောင်းသိရသည်။

Source - Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။