Myanmar Idol Final ပွဲ ကြည့်ရှု ့ခွင့်လက်မှတ်အတွက် #MMIDSelfie ဆွဲကြတဲ့အနုပညာရှင်များ

မတ်လ ၁၆ ရက်နေ ့မနေ ့ညက Myanmar Idol ရဲ ့Semi-final ပွဲကို ကျင်းပခဲ့ပါတယ်။

Top Three သုံးယောက်ကလည်းအကောင်းဆုံးဖျော်ဖြေခဲ့ကြပြီး မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ပရိသတ်များကလည်း စိတ်ဝင်တစားကြည့်ရှု ့အားပေးခဲ့ကြပါ

တယ်။

သီဆိုဖျော်ဖြေပြီးကြပြီးတဲ့နောက်မှာ အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်က ထူးခြားတဲ့အစီအစဉ်လေးကို မိတ်ဆက်ပေးခဲ့ပါတယ်။

အဲ့ဒါကတော့ လက်ရှိ Live လွှင့်နေတဲ ့ Myanmar Idol အစီအစဉ်ကို နောက်ခံထားပြီး ကျော်ထက်အောင်နဲ ့ဒိုင်လူကြီးသုံးယောက်ပါတဲ့ TV ထဲက ပုံနဲ ့အတူ Selfie ဆွဲကာ လူမှုကွန်ရက်ပေါ်မှာ #MMIDSelfie ဆိုပြီးတင်ဖို ့တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။ တင်ထားကြသူတွေထဲကမှ Final ပွဲအတွက် မဲနှိုက်ပေးမှာပါ ။ ဒါကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းက ကြည့်ရှု ့အားပေးကြတဲ့ ပရိသတ်များနည်းတူ အနုပညာရှင်များကလည်း မလွတ်တမ်း ပေးထားတဲ့ တစ်မိနစ်အတွင်းမှာ Selfie ဆွဲခဲ့ကြပါတယ်။

အနုပညာရှင်အချို ့့ရဲ ့ပုံတွေကို ပရိသတ်ကြီး ရှု ့မြင်ခံစားရအောင်တင်ဆက်ပေးလိုက်ပါတယ်။

Selfie ပုံလေးတွေတင်ခဲ့ကြတဲ့အနုပညာရှင်အချို ့ကတော့ အူဝဲ ၊ ပန်းဖြူ ၊သီရိရှင်းသန် ့ ၊

ထက်ထက်ထွန်း ၊ ဇော်ဇော်အောင် နှင့် နိုင်လူတို ့ဖြစ်ကြပါတယ် ။

Source: Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။