ပရိသတ်ကြီးရေ.. ကျရာကာရိုက်တာကို သဘာဝကျကျအကောင်းဆုံး သရုပ်ဖော်နိုင်တဲ့ ဝါရင့်အနုပညာရှင် ပြည်သူ့အချစ်တော်တွေထဲမှာ သရုပ်ဆောင်မင်းသားကျော်ကျော်ဗိုလ်ကလည်း အပါအဝင်ပါပဲ..။

အနုပညာမျိုးရိုးက ဆင်းသက်လာတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့အတိုင်း ရယ်စရာဟာသဇာတ်ရုပ်၊ အလွမ်းအဆွေးနဲ့ ကျရာဇာတ်ရုပ်တွေမှာလည်း သူ့ရဲ့ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာသိမ်းပိုက်ထားသူလည်း ဖြစ်ပါတယ်..။

ရုပ်ရှင်ဇာတ်ကားကြီးတွေတော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ ကျော်ကျော်ဗိုလ်ကတော့ နေတိုး၊ မင်းသွေးတို့ ညီအစ်ကိုနှစ်နဲ့အတူ သရုပ်ဆောင်ရိုက်ကူးထားတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပြောစရာမလိုအောင် သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေကိုလည်း ရရှိထားပါသေးတယ်..။

“မုန်းစွဲ”ရုပ်ရှင်ဇာတ်ကားကြီးမှာ အဖွဲ့သားတွေအားလုံးရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် တကယ်ကိုကောင်းလွန်းတဲ့ ဇာတ်ကားလေးဖြစ်သလို မင်းသွေးနဲ့ ပတ်သက်ပြီးတော့လည်း ကျော်ကျော်ဗိုလ်က ပရိသတ်တွေကို ပြောပြခဲ့ပါတယ်..။

“မင်းသွေးကို အနုပညာအလုပ်တွေကို ထပ်ပြီး ဖန်တီးစေချင်သေးတယ်.. အားလုံးကို အကယ်ဒမီရစေချင်သလို မင်းသွေးရရင်တော့ ဝမ်းနည်းစရာကောင်းတာပေါ့.. အဓိကက ဝမ်းနည်းတယ်ဆိုတာ သူရခဲ့ရင် သူကိုယ်တိုင် မခံစားခဲ့ရတဲ့ ဆုတစ်ဆုဖြစ်သွားမှာမို့ပါ..” ဆိုပြီး မင်းသွေးအတွက် သူ့ရဲ့ အကယ်ဒမီရင်ခုန်သံလေးကို စိတ်မကောင်းစွာ ပြောပြထားပဲ ဖြစ်ပါတယ်..။

အနုပညာလှုပ်ရှားမှုလေးတွေနဲ့ အကယ်ဒမီအတွက် ရင်ခုန်သံလေးကို ပြောပြထားတဲ့ ပရိသတ်အချစ်တော် မင်းသားချောကျော်ကျော်ဗိုလ်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်မို့ ရှု့စားအားပေးကြပါဦးနော်..။

Photo – Myanmarload၊ ကျော်ကျော်ဗိုလ်၊ မင်းသွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။