ခြူးလေးကတော့ မကြာခင်ကဖြစ်ပွားခဲ့တဲ့ ဘဝအဆင်မပြေမှုတွေကြောင့် ကိုယ်ကိုယ်ကို သေကြောင်းကြံတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါသတင်းတွေထွက်ပေါ်လာပြီး သူမရဲ့ facebook အကောင့်ကလဲ ပိတ်သွားခဲ့ပါတယ်။ ယခုမှာတော့ သူမရဲ့ facebook အကောင့်ကို ပြန်ဖွင့်ခဲ့ပြီး စိတ်ပူကြတဲ့ ပရိသတ်တွေအတွက် ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။

ခြူးလေးကတော့ " စိတ်ပူပေး ကြတဲ့ သူတွေအားလုံး ကို ခြူးလေးတကယ် လှိုက်လှိုက်လှဲလှဲရင်ထဲက ကျေးဇူးတင်ပါတယ် ရှင်လူငယ်တစ်ယောက်အနေနဲ့ ဘဝ ရဲ့ အဆင်မပြေမှု များ ကြောင့် ခဏတာလေး ယိုင်လဲသွားတာပါ အခု အရာအားလုံးကို မေ့ပစ်ပြီး စိတ်ဓါတ်ခိုင်မာစွာနဲ့ ကိုယ့်ကိုကိုယ် ပြန်လည်တည်ဆောက်ထားပါတယ်

ခြူးကိုညီမအရင်းလို ချစ်ပြီး တန်ဖိုးထားပေးတဲ့ မဂျူဂျူးပန်ထွာနဲ့ တခြား သူငယ်ချင်းများ လုပ်ဖော်ကိုင်ဖက်များကိုလည်း တကယ့် အခက်ခဲ ကြုံချိန်မှာ အရမ်းကို လေးစားချစ်ခင်မိပါတယ် " ဆိုပြီးရေးသားထားပါတယ်။  

ခြူးလေးကတော့ " အမတို့ရဲ့ ခြူးလေးအပေါ်မှာထားရှိတဲ့ မေတ္တာ တရားတွေ ဟာ တခြားသူတွေ အတွက် ဝေဖန်မှုတွေ ဖြစ်လာခဲ့တာကို ခြူးလေး တကယ် အားနာပြီး စိတ်မကောင်းဖြစမိပါတယ်အခု ခြူးလေး ဖြစ်ခဲ့ရတာတွေကလည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ အရာရာ ဟာ ကံတရားလို့ဘဲ သတ်မှတ်ထားပါတယ်

ခုလို ပြန်ရှင်းပြရတာကလည်း Page များရ ဲ့ ပြင်းထန်လှတဲ့ ခေါင်းစဉ်အမျိုးမျိုး ရဲ့ အောက်မှာ အလူးအလဲ ဝေဖန်တိုက်ခိုက်ခံနေရတဲ့ ကာယကံရှင် ဖြစ်တဲ့ ခြူး ရယ် မဂျူးဂျူးပန်ထွာရယ်တစ်ယောက်သောသူ အတွက်ရယ်ပါ အရာရာပြီးခဲ့ပြီမို့ ကာယကံရှင်တွေရဲ့ အနာဂါတ် တွေကို ငဲ့ကွက်သော အားဖြင့် Page တွေ ပြန်လည် မျှဝေပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင် အရာရာအားလုံးဟာ ကိုယ့်ဘဝနဲ့ကိုယ်ဖြစ်နေပါပြီ သူများကို ထိခိုက်စေတဲ့ comment များ မ မန့်ဖို့ မေတ္တာရပ်ခံပါတယ်ရှင် " ဆိုပြီးရေးသားထားခဲ့ပါတယ်။

source: chue lay 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။