ပရိသတ်တွေရဲ့ သရုပ်ဆောင်အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ အပြည့်အ၀ ရရှိထားတဲ့ မင်းသားမင်းသမီးတွေဖြစ်တဲ့ သရုပ်ဆောင် ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ပြောမနာဆိုမနာ ပေါင်းသင်းကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပြီး တပူးပူးတတွဲတွဲ သွားလာနေတာ ပရိသတ်ကြီးသိမှာပါနော်..။

သူတို့ BFF သူငယ်ချင်းသုံးယောက်ကတော့ ဆုံလိုက်တိုင်းလည်း အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် နောက်ပြောင်ရင်း ပျော်နေတတ်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲ ဖြစ်ပါတယ်.. ။

ဟန်ဆောင်မှုမရှိပဲ တစ်ယောက်နဲ့တစ်ယောက် စနောက်ပျော်ရွှင်နေကြတဲ့ သူတို့သူငယ်ချင်းသုံးယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကလည်း မြင်တွေ့သူပရိသတ်တွေကိုလည်း အပျော်လေးတွေ ကူးစက်စေပြန်တာ တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း တစ်ယောက်တစ်ယောက်နဲ့တစ်ယောက် စနောက်ထားပြီး အပျော်ရိုက်ကူးထားတဲ့အူတတ်အောင် ခွီနေရမယ့် ရယ်စရာဟာသပုံလေးတွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် လုပ်လိုက်ပြန်ပါတယ်..။

ရုပ်ပြောင်ဟာသပုံလေးတွေနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေထဲမှာမှ ညီထွဋ်ခေါင်နဲ့ ကျော်ကျော်တို့နှစ်ယောက်ရဲ့ ပုံတစ်ပုံကတော့ မမှတ်မိနိုင်လောက်အောင် ရုပ်ပြောင်းပြီး ရယ်စရာကောင်းနေတာမို့ ပရိသတ်တွေကို အူတတ်စေတဲ့ အဓိကပုံလေးဆဆိုလည်း မမှားပါဘူး..။

သူတို့သူငယ်ချင်းသုံးယောက်ရဲ့ အခွီဓာတ်ပုံလေးတွေကိုလည်း Myanmarload မှ ဗရမ်းဗတာ BFF သုံးယောက်ရဲ့ ချစ်ပရိသတ်တွေအတါက်လည်း ပြန်လည်မျှဝေပေးလိုက်တာမို့ ရယ်မောပျော်ရွှင်ကြပါစေနော်..။

Photo - ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။