ဗီဒီယိုဇာတ်ကားတွေရိုက်ကူးမှုမရှိတော့တာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပရိသတ်တွေအများဆုံးကြည့်ရှုအားပေးနေရတာပါ။

ခုနောက်ပိုင်းမြန်မာဇာတ်ကားတွေကလည်း ပရိသတ်တွေစိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီးဇာတ်ကားတွေတိုင်းမှာရုံအပြည့်နဲ့ပရိသတ်တွေ

တစ်ခဲနက်အားပေးခဲ့ကြတာပါ။ဇာတ်ကားကြီးတိုင်းကလည်းအရင်ကြည့်နေရတဲ့ပုံစံမျိုးနဲ့မတူပဲကြည့်ကောင်းတာကြောင့် တစ်ချို့ဇာတ်ကားတွေကနိုင်ငံတစ်ကာမှာတောင်ပြသခဲ့ကြတာပါ။

ဒရမ်မာကားတွေ၊ဖြစ်ရပ်မှန်ဇာတ်လမ်းတွေနဲ့ဟာသကားတွေကတော့မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေကိုအကောင်းဆုံးရသတွေပေးနေတာပါ။ခုမှာလည်းနာမည်ကြီးမင်းသားမင်းသမီးတွေနဲ့နာမည်ကျော်ဟာသသရုပ်ဆောင်တွေပါဝင်တဲ့ "ဂျင်ပါတီ"ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးနေပြီဖြစ်ပါတယ်။ဇာတ်ကားကြီးမိတ်ဆက်ပွဲမှာကတည်းပါဝင်တဲ့သရုပ်ဆောင်တွေကြောင့်ပရိသတ်တွေကစိတ်ဝင်စားမှုမြင့်တက်ခဲ့တာပါ။

ခုမှာတော့"ဂျင်ပါတီ"ဇာတ်ကားကြီးကိုစတင်ရိုက်ကူးနေပြီဖြစ်ပါတယ်။ဒီဇာတ်ကားကြီးထဲမှာတော့ ရန်အောင်၊ လူမင်း၊ မင်းမော်ကွန်း၊ ရဲရင့်အောင်၊ ထူးအောင်၊ အိန္ဒြာကျော်ဇင်၊ ယဉ်လက်၊ ရွှေအိမ်စည်၊ Bella ၊ ခင်လှိုင်၊ ကိုပေါက်၊ ဂျိုကာ နဲ့ K ညီစတဲ့နာမည်ကြီးတွေပါဝင်မှာဖြစ်ပါတယ်။ဟာသဇာတ်ကားကြီးဖြစ်တဲ့အတွက် ဒီဇာတ်ကားကြီးကတော့ထွက်ရှိလာရင်ပရိသတ်အပြည့်နဲ့တစ်ခဲနက်ရုံပြည့်စေမှာဖြစ်ပါတယ်။ဇာတ်ကားကြီးရိုက်ကူးစဉ်ပုံရိပ်တွေမှာကတည်းကပျော်ရွှင်စရာကောင်းနေတာကြောင့်ပရိတ်သတ်တွေကိုရိုက်ကွင်းကပုံရိပ်တွေကိုတင်ဆက်ပေးရင်းအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:Ye Lay Ma

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။