အဆိုတော်အိမ့်ချစ်တစ်ယောက် ချစ်ခင်ရသူတွေနဲ့အတူ ဘေထုတ်အထည်တွေဝင်မွှေရင်း အမှတ်တရ Selfie ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဟန်ဆောင်မှုကင်းပြီး ပျော်ပျော်နေတတ်တဲ့ သူမရဲ့ပင်ကိုယ်စရိုက်လေးကတော့ တကယ်ကိုချစ်စရာကောင်းလွန်းပါတယ်။ အောင်မြင်နေပြီဖြစ်တဲ့ အဆိုတော်တစ်ဦးအဖြစ်နဲ့ ဂီတလမ်းကြောင်းပေါ်မှာ အဆင်ပြေပြေလျှောက်လှမ်းနေပြီး သီချင်းခွေတွေလည်းထွက်ရှိထားကာ ပရိသတ်အားပေးမှုလည်း အပြည့်အဝရရှိထားသူတစ်ယောက်ပါပဲ။

ဖခင်အဆိုတော်ချစ်ကောင်းရဲ့ခြေရာကို အပြည့်အဝနင်းနိုင်တဲ့ သမီးလေးလည်းဖြစ်ပါတယ်။ အမကြီးအမိရာပီသစွာနဲ့ပဲ မောင်ဖြစ်သူကိုလည်း ပွဲထုတ်တတ်ပါသေးတယ်။ အသက် ဆယ့်လေးနှစ်အရွယ်ကတည်းက မိသားစုကို လုပ်ကိုင်ကျွေးမွေးလာခဲ့တာဖြစ်ပြီး အခုလိုအဆင်ပြေ သာယာပျော်ရွှင်ရတဲ့ အနေအထားတစ်ခုကိုရောက်လာခဲ့တာပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူနဲ့အမြဲအတူတူတိုင်ပင်ခဲ့ပြီး သူမတို့သားမိနှစ်ယောက်ကတော့ တစ်ယောက်ကိုယ်တစ်ယောက် အရမ်းကိုအပြန်အလှန်အားကိုချစ်နဲ့ချစ်ကြတာပဲဖြစ်ပါတယ်။

Broken Family ဖြစ်ခဲ့ပြီးနောက်ပိုင်း မိခင်နဲ့အတူတူပိုပြီးနေရလို့ ဘယ်သွားသွား မိခင်က သူမနောက်ကို တကောက်ကောက်လိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့မှာလည်း သူမက ဘေထုတ်ရွေးနေတဲ့ပုံရိပ်လေးကို " ဘေထုတ်ထဲဝင်မွှေ ဟီးဟီး ဘေထုတ်ဝတ်လဲကိုယ်တွေကလှတယ်လေ " ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ဟန်ဆောင်မှုကင်း ပကတိဖြူစင်ရိုးသားတဲ့ အိမ့်ချစ်တစ်ယောက် အရင်ကထက်ပိုပြီးအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo - Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။