အဆိုတော် R ဇာနည်နဲ့ သရုပ်ဆောင် ဝမ်းတို့ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကတော့ ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ အသက် (၁) နှစ်တိတိ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဆိုတော် R ဇာနည်ကတော့ ဂီတလောကရဲ့အောင်မြင်တဲ့ ငွေကြယ်ပွင့်တစ်ဦးဖြစ်သလို လက်ရှိမှာလည်း ရှိုးပွဲပေါင်းများစွာမှာ သီဆိုဖျော်ဖြေနေရတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ သူတို့မိသားစုလေးကိုတော့ ပရိသတ်တွေအားလုံးက အားကျနေရတာ ဖြစ်ပါတယ်။

Rဇာနည်တို့စုံတွဲရဲ့ သားလေးတွေဖြစ်ကြတဲ့ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်တို့ ညီအစ်ကိုနှစ်ယောက်ကတော့ အရမ်းကို လူချစ်လူခင်ပေါများတဲ့ ကလေးလေးတွေ ဖြစ်ကြပါတယ်။ ယနေ့မှာ မွေးနေ့ကျရောက်တဲ့ အငယ်ဆုံးသားလေး ချစ်ချစ်တုန်အတွက်တော့ ဖေဖေနဲ့မေမေက ရန်ကုန်မြို့၊ Novotel ဟိုတယ်ခန်းမမှာ ကြီးကျယ်ခမ်းနားတဲ့ တရားအလှူပွဲကြီးကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ ဒီပွဲလေးကိုတော့ နယ်ပယ်အသီးသီးက အနုပညာရှင်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေက တက်ရောက်ခဲ့ကြပါတယ်။

ချစ်ချစ်တုန်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆရာတော် အရှင်ဆေကိန္ဒက ကြွရောက်ပြီး တရားဓမ္မတွေကို ချီးမြှင့်ဟောကြားပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Rဇာနည်တို့မိသားစုက ချစ်ချစ်တုန်လေးရဲ့ အသက်(၁) နှစ်ပြည့် မွေးနေ့အလှူပွဲလေးမှာ လှူဖွယ်ဝတ္ထုအစုစုနဲ့တကွ အလှူငွေ သိန်း (၅၀) ကျပ်တိတိကိုလည်း ဆရာတော်ဘုရားထံ ဆပ်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်Rဇာနည်နဲ့ ဝမ်း တို့ရဲ့ သားငယ်လေး ချစ်ချစ်တုန်(၁)နှစ်ပြည့်မွေးနေ့ပွဲက ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Aye Zaw Moe:

Photo : Credit; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။