FA ဖလား စတုတ္ထအဆင့် မဲခွဲပွဲကို ဇန်နဝါရီလ ၇ ရက်နေ့မှာ ကျင်းပခဲ့ပြီး အင်္ဂလန်ရဲ့ နာမည်ကြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းတို့၏ အဓိက ပြိုင်ဖက်ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ FA ဖလား စတုတ္ထအဆင့်မှာတွေ့ဆုံနေပါတယ်။ဒီပွဲစဉ်ကိုတော့ လာမယ့် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ အာဆင်နယ်အသင်းရဲ့အိမ်ကွင်း Emirates Stadium မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ အင်္ဂလန် FA ဖလားသမိုင်းတစ်လျှောက် အောင်မြင်မှုအများဆုံးရရှိထားတဲ့ အသင်း ၂ သင်းအဖြစ် မှတ်တမ်းတွေရှိနေတာပါ။FA ဖလားကို အာဆင်နယ်အသင်းက ၁၃ ကြိမ်၊ မန်ချက်စတာယူနိုက်တက်အသင်းက ၁၂ ကြိမ်အသီးသီးဗိုလ်စွဲထားကြပါတယ်။ခုနှစ်တွေနောက်ပိုင်းမှာတော့ချယ်လ်ဆီး၊စပါး၊ပါပူးနဲ့မန်စီးတီးအသင်းတို့ကအသီးသီးဗိုလ်ဆွဲပြီးမန်ယူနဲ့အာဆင်နယ်တို့နန်းကျဘုရင်တွေဖြစ်ခဲ့ရပါတယ်။

ပရီးမီးယားလိဒ်ပြိုင်ပွဲမှာလည်းမန်ယူအသင်းနဲ့အာဆင်နယ်တို့ကပါပူး၊စပါး၊မန်စီးတီနဲ့ချယ်လ်ဆီတို့နောက်မှာရပ်တည်နေတာဖြစ်ပါတယ်။နည်းပြအပြောင်းအလဲလုပ်ပြီးနောက်ပိုင်းခြေစွမ်းတွေပြပြီးနိုင်ပွဲတွေရနေတဲ့မန်ယူအသင်းအာဆင်နယ်အိမ်ကွင်းမှာဘယ်လိုယှဉ်ပြိုင်မလဲဆိုတာစိတ်ဝင်စားစရာပဲဖြစ်ပါတယ်။နှစ်သင်းထဲကတစ်သင်းကတော့FAဖလားပြိုင်ပွဲကနေထွက်ခွာရမှာဖြစ်တာကြောင့်ဘယ်အသင်းကျန်ခဲ့ပြီးဘုရင်ဖြစ်နိုင်မလားဆိုတာတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။

PHOTO:manchester united

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။