မိန်းမပျိုလေးတွေကြားမှာ နာမည်ကြီးနေသူလေး အောင်လေးကတော့ ယခုမှာ ချစ်ပရိသတ်တွေရဲ့ အချစ်ကိုအပြည့်အဝရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သီချင်းဗီဒီယိုတွေနဲ့ ကြော်ငြာတွေရိုက်ကူးလေ့ရှိသလို သရုပ်ဆောင်တစ်ဦးအဖြစ်လည်း ဇာတ်ကားတွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ သူကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။ကိုရီးယားမင်းသားတွေ ရှုံးလောက်တဲ့ ရုပ်ရည်နဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် နာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။

အောင်လေးကတော့ ခရီးတွေထွက်လိုက် ရိုက်ကူးရေးတွေ အနုပညာ အလုပ်တွေ ဆက်တိုက်ရိုက်နေတာလည်းတွေ့ရပါတယ်။ လက်ရှိမှာလည်း အောင်လေးဟာ အမိုက်စား ပုံလေးတွေကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပြီး နှုတ်ခမ်းမလေးတွေကြွေသွားလောက်အောင်မိုက်နေတာ အမှန်ပဲဖြစ်ပါတယ်။ အောင်လေးကတော့ သူ့ကို ချစ်တဲ့ပရိသတ်တွေအတွက်လည်း အမြဲလိုလို tik tok ဗီဒီယိုလေးတွေနဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးလေ့ရှိတာတွေ့ရပါတယ်။

အောင်လေးရဲ့ ရုပ်ရှင်ဇာတ်ကားများဟာလည်း နောက်ပိုင်းမှာ လူကြိုက်များအားပေးလာတာဖြစ်ပါတယ်။ သူရဲ့ Tik tok ဗီဒီယိုလေးတွေဟာဆိုရင်လည်း မိန်ကလေး ပရိသတ်တွေကြားမှာ ရေပန်းစား အကြိုက်များတာလည်းတွေ့ရပါတယ်။သူကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတယ်လို့လည်းသိရပါတယ်။ကဲ....ချစ်ပရိသတ်တွေတွက် အောင်လေးရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Aung Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။