မိန်းကလေးပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်ဟိန်းမင်းသူကိုတော့ ပရိသတ်ကြီးသိပြီးကြမယ်ထင်ပါတယ်။ လူငယ်မိန်းကလေးပရိသတ်တွေကြားရေပန်းစားနေတဲ့ အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ဟိန်းမင်းသူကတော့ အလန်းစားသီချင်းသံစဉ်တွေကိုဖန်တီး သီဆိုခဲ့တာဖြစ်ပြီး ယောကျာ်းပီသတဲ့ အမိုက်စား ကြွက်သားတွေကိုပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် မိန်းကလေးပရိသတ်အများအပြားရဲ့အားပေးမှုကိုလက်ခံရယူပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

မော်ဒယ် အဆိုတော် ဟိန်းမင်းသူကတော့အခုမှာဆိုရင် ရုပ်ရှင်ဇာတ်ကားများတွင်လည်းပါဝင်ရိုက်ကူးလာတာကိုပရိသတ်ကြီးအနေနဲ့ ရှုမြင်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ MRTV-4 ရုပ်သံလိုင်းမှ ပြသထုတ်လွင့်နေတဲ့ "ပျားရည်အိုင်"ရုပ်သံဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင်ပီပီပြင်ပြင် ပါဝင်ရိုက်ကူးထားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဂျက်စတင်ဘီဘာလို့တောင် တင်စားရလောက်အောင် ချောမောလွန်းတဲ့ ဟိန်းမင်းသူက ရုပ်ချောရုံတင်မက အသံကပါ ဆွဲဆောင်မှုပြည့်ဝလွန်းသူဖြစ်ပါတယ်။ ယခုမှာလည်း ဟိန်းမင်းသူက သူရဲ့ အသစ်စက်စက် သီချင်းလေးတစ်ပုဒ်ကို နိုင်ငံခြားအဆိုရှင်နှစ်ယောက်နဲ့ပေါင်းပြီးဖန်းတီး ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ 

ဟိန်းမင်းသူ ကိုယ်တိုင် ပါဝင်သီဆိုသရုပ်ဆောင်ထားတဲ့ " Burn My Heart " လို့ အမည်ပေးထားတဲ့ Mtv သီချင်းဟာဆိုရင်လည်း ပရိသတ်တွေကလက်ခံအားပေးကြတာဖြစ်ပြီး အရမ်းကိုပေါက်ခဲ့တာပဲဖြစ်ပါတယ်။ ထိုသီချင်းမှာတော့ ဟိန်းမင်းသူနဲ့ ရွှေယမင်းမေတို့ရဲ့ သရုပ်ဆောင်ချက်တွေကပရိသတ်တို့ အံ့အားသင့်စေလောက်အောင်ပီပြင်လွန်းတာဖြစ်ပါတယ်။ အခုနောက်ထွက်ရှိမဲ့ နိုင်ငံခြားအဆိုတော်နှစ်ယောက်နဲ့ပေါင်းစပ်ဖန်တီးတဲ့သီချင်းအသစ်မှာဆိုရင်လည်း ဘယ်လိုအမိုက်စား သံစဉ်စာသားတွေနဲ့ ပရိတ်သတ်ကြီးကိုဖျော်ဖြေတင်ဆက်မလည်းဆိုတာကိုတော့ စောင့်မျှော်အားပေးကြရအောင်နော်။

source Hein Min Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။