သစ္စာမရှိသူတွေရဲ့လုပ်ရပ်ကြောင့် ဖြူစင်တဲ့ အမျိုးကောင်းသားသမီးလေးတွေ ပေးဆပ်နေရတာမျိုးကတော့ တကယ့်ကိုမဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါပဲ။

ကိုယ်အရမ်းချစ်ရတဲ့သူတစ်ဦးတစ်ယောက်က ရုတ်တရက်ကြီးထားသွားတာကိုခံရတဲ့အချိန်မှာ အမျိုးသမီးလေးတွေဟာ ဘာလုပ်လို့ဘာကိုင်ရမမှန်းမသိဘဲ လောကကြီးကနေ အရှုံးပေးပြီးထွက်ခွာဖို့တွေးတတ်ကြပါတယ်။

ဒါ့ကြောင့်လဲ ချစ်သူကထားသွားလို့ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်တဲ့ ဖြစ်ရပ်တွေဟာ ပရိသတ်တွေခနခနမြင်တွေ့နေရတာပဲဖြစ်ပါတယ်။  

ဒီအကြောင်းရာလေးတွေနဲ့နည်းတူ တရုတ်နိုင်ငံမှာဆိုရင်လည်း သတို့သမီးလောင်းလေးတစ်ဦးဟာ သစ္စာမရှိဘဲထားသွားခဲ့တဲ့ အမျိုးသားကြောင့် ပြတင်းပေါက်ကနေ ခုန်ချပြီးကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ကြိုးစားခဲ့ပါတယ်။

အမျိုးသားဟာ မင်င်္ဂလာပွဲကျင်းပတဲ့နေရာကိုရောက်မလာသလို ဘာအကြောင်းပြချက်မှမပေးဘဲ ထားပစ်ခဲ့တာက အရှက်နဲ့လူလုပ်ရတဲ့ မိန်းကလေးတစ်ယောက်အတွက် မင်္ဂလာပွဲအလယ်မှာ သတို့သားရောက်မလာလို့ လူအများကဝိုင်းပြောဆိုနေတာတွေကိုတော့ ခံနိုင်ရည်မရှိခဲ့ပါဘူး။

ခန်းမအလယ်မှာ သတို့သမီးဝတ်စုံကြီးကိုဝတ်ဆင်ထားပေမယ့် သတို့သားကရောက်မလဲ ထားသွားတဲ့အခါ သူမရင်ထဲမှာ ဆောက်တည်ရာမရဘဲ ဘယ်လောက်ကြေကွဲဝမ်းနည်းနေတဲ့ခံစားချက်ကိုတော့ မိန်းကလေးတိုင်းနားလည်နိုင်လိမ့်မယ်လို့ထင်ပါတယ်။

နောက်ဆုံးသူမ မခံစားနိုင်တဲ့အဆုံးမှာတော့ သတို့သမီးလောင်းလေးဟာ ပြတင်းပေါက်ကနေခုန်ချပြီး သတ်သေဖို့ကြိုးစားခဲ့ပါတော့တယ်။ 

ဒါပေမယ့် သူမပဲကံကောင်းသွားတာလား သေဖို့ကံမပါသေးဘူးလို့ပြောရမလား သူမကို သူစိမ်းယောင်္ကျားတစ်ဦးက အချိန်မှီကယ်တင်လိုက်နိုင်ခဲ့ပါတယ်။

ကိုယ့်အပေါ်သစ္စာမရှိလို့ ထားသွားသူတစ်ယောက်အတွက်နဲ့ အဖန်ငါးရာ ငါကမ္ဘာပြန်ခံစားရမှာမကြောက်ဘဲ ကိုယ့်ကိုယ့်ကိုယ် သတ်သေဖို့ ကြိုးစားတာကတော့ လုံးဝမလုပ်သင်တဲ့ကိစ္စတစ်ခုပါပဲ။

ဒါပေမယ့် ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီး ဖောက်လွဲဖောက်ပြန်လုပ်တတ်တဲ့ သူတွေရဲ့လုပ်ရပ်ကလည်း အင်မတန်စက်ဆုပ်စရာကောင်းလှပါတယ်။  

SOURCE - VIRAL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။