မြန်မာနိုင်ငံရဲ့လက်ရှိထိပ်တန်းမင်းသမီးအဖြစ်ရပ်တည်လျက်ရှိတဲ့ အိန္ဒြာကျော်ဇင်တစ်ယောက်ကတော့ မန္တလေးတွင် “ ဂျင်ပါတီ " ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်းအချို့ကို သွားရောက်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ အူဝဲလို့ အများက ချစ်စနိုးခေါ်ကြတဲ့ သူမဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်သည့်အပြင် အနုပညာခရီးလမ်းတွင် အကယ်ဒမီရုပ်ထုပေါင်းများစွာနဲ့ အောင်မြင်မှုများစွာ ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

စမတ်ကျလှပသော အမိုက်စားဖက်ရှင်များနဲ့ ဖက်ရှင်ဘုရင်မလို့ ခေါ်ထိုက်ရလောက်အောင် သူမရဲ့ဖက်ရှင်များဟာလည်း အမြဲတမ်းဆန်းသစ်လှပနေတာလည်း ဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသလို မင်းသားပြေတီဦးနဲ့လည်း အိမ်ထောင်သက် ၇ နှစ်ကျော်ကို ဖြတ်သန်းရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ အခုဆိုရင် သမီးလေး ပြေသုန္ဒြာ ၊ သားလေး ပြေဓီရတို့နှင့်အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ 

လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ကြော်ငြာများနဲ့ မဂ္ဂဇင်းဓာတ်ပုံများလည်း ရိုက်ကူးထားတယ်လို့သိရပါတယ်။ သူမရဲ့ အနုပညာလှုပ်ရှားမှုများကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိတ်သတ်ကြီးကို ဝေမျှနေသူလည်း ဖြစ်ပါတယ်။ မန္တလေးတွင်သွားရောက်ရိုက်ကူးနေတဲ့ " ဂျင်ပါတီ " ရုပ်ရှင်ဇာတ်ကားကြီးတွင် တွေ့ရှိရတဲ့ အူဝဲရဲ့ ဗီဒီယိုလေးများကို သူမရဲ့ ပရိတ်သတ်များက We Love Eaindra Kyaw Zin Group ထဲတွင် မျှဝေထားတာကို တွေ့ရပါတယ်။ ပရိတ်သတ်ကြီးအတွက် အူဝဲရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Our Princess Eaindra Kyaw Zin (Eu wae)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။