နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲကိုကို တစ်ယောက်ဖြစ်တဲ့ တိုင်ရွန်ဟာဆိုရင် သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တွေကို ခဏလေးအတွင်းမှာ ရရှိပိုင်ဆိုင်ထားတာသူပဲ ဖြစ်ပါတယ်။ စမတ်ကျယောကျာ်းပီသတဲ့ ခန္ဓာကိုယ်ရှိတာဖြစ်ပြီး နိုင်ငံခြားမင်းသားတစ်ယောက်လို့ထင်ရလောက်အောင် သရုပ်ဆောင်ကောင်းတာလည်းဖြစ်ပါတယ်။

မော်ဒယ်သရုပ်ဆောင်တိုင်ရွန်ဟာဆိုရင် "မနေ့ကဖြစ်သည် ၂" ဇာတ်လမ်းတွဲမှစပြီး လူသိများလာခဲ့တာဖြစ်ပြီး မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။ အမိုက်စားခန္ဓာကိုယ်နဲ့ မြန်မာနိုင်ငံရဲ့ အလန်းစား အက်ရှင် ဇာတ်ကားတွေမှာ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးလက်ခံမှုကိုရရှိလာတာပဲဖြစ်ပါတယ်။ 

သူငယ်ချင်းတွေနဲ့ အတူ tiktok ဆော့ဖြစ်တဲ့ တိုင်ရွန်ဟာဆိုရင် အခုမှာလည်း အခွီပုံစံလေးတွေနဲ့ ပရိတ်သတ်အချစ်တော် အဆိုတော်လွှမ်းပိုင်သီချင်းလေးကို ဂုဏ်ပြုတင်ဆက်ထားတာလည်းဖြစ်ပါတယ်။ တစ်ယောက်ထဲအမိုက်စား အမူအရာတွေနဲ့ ပရိသတ်တို့ ပျော်ရွှင်ရယ်မြူးသွားရအောင် လုပ်ပြခဲ့တာဖြစ်ပြီး "ကိုလွှမ်းပိုင် ထိုင်းမှာ အရမ်းပေါက်နေတဲ့ tik tok သီချင်းလေး" လို့ဆိုတဲ့ ဂုဏ်ပြုစာသားလေးနဲ့အတူ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ သူရဲ့ facebook စာမျက်နှာပေါ်တွင်ဖော်ပြထားတာကို Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။