ပရိတ်သတ်ကြီးရေ မထက်ကတော့ professional makeup artist တစ်ယောက်ပဲဖြစ်ပါတယ်။မိတ်ကပ်ပညာမှာ ဆရာကျပြီး ကျွမ်းကျင်သူတစ်ယောက်ဖြစ်လို့ မင်းသားမင်းသမီးတွေအတွက် အားကိုးအားထားပြုနေရတဲ့ ပညာရှင်တစ်ယောက်ပါ။မထက်က မိန်းကလေးဘဝကို ခုံမင်နှစ်သက်သူတစ်ယောက်မို့ ယောကျာ်းလေးဘဝကို စွန့်လွှတ်ပြီး မိန်းကလေးဘဝကို ပြောင်းလဲထားသူတစ်ယောက်ဆိုတာ ပရိတ်သတ်ကြီးလည်း သိကြမှာဖြစ်ပါတယ်။

မထက်ရဲ့ မိန်းကလေးဆန်တဲ့ အပြုအမူ အပြောအဆိုတွေကြောင့် ယဉ်ကျေးသိမ်မွေ့ပြီး မိန်းကလေးတစ်ယောက်ရဲ့ အင်္ဂါရပ်တွေနဲ့ ညီတဲ့ transgender တစ်ယောက်ဖြစ်ပါတယ်။မိန်းကလေးတွေအရှုံးပေးရလောက်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အရပ်အမောင်းကြောင့် မထက်က ဘယ်နေရာကိုပဲသွားသွား ထင်ပေါ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။မထက်က ပေါင်းသင်းဆက်ဆံရေးကောင်းပြီး စိတ်သဘောထားဖြူစင်သူဖြစ်လို့ လူချစ်လူခင်လည်း ပေါများပါတယ်နော်။

မထက်က အခုဆိုရင် အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။မကြီးစန်း သုသု လင်းလင်းတို့နဲ့ တစ်ခြားဝါရင့်အနုပညာရှင်ပေါင်းများစွာပါဝင်တဲ့ ကျားကျားကြိုက်ကြိုက်ရုပ်ရှင်ဇာတ်ကားကြီး ပျော်ပျော်ပါးပါး ရိုက်ကူးနေပြီဖြစ်ပါတယ်။မထက်က အနုပညာပါရမီပါသူတစ်ယောက်ဖြစ်လို့ သင်ပေးရုံနဲ့ ခဏလေးတတ်မြောက်လွယ်ပြီး ပီပြင်တဲ့ အိုင်တင် သရုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ပါတယ်နော်။မထက်ရဲ့ ချစ်စရာကောင်းပြီး အလွင့်ဒီဇိုင်းအိုင်တင်တွေကိုပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Htet Htet Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။