ကမ္ဘာကျော် Vogue magazine နဲ့ Harper's Bazaar magazine တို့ရဲ့ ပင်တိုင် မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ Kendell Jenner ကတော့ 1995ခုနှစ် ၊နိုဝင်ဘာလ(၃) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အမေရိကန် မော်ဒယ်လ်မလေး ဖြစ်ပါတယ်။ သူမရဲ့ အမဖြစ်သူ Kylie Jenner နဲ့ နယူးယောက်ခ့်မော်ဒယ်လ်လောကကို အတူတူဝင်ရောက်ခဲ့ပြီး လက်ရှိမှာ Kendell ကသာ သူမရဲ့ အသက်မွေးဝမ်းကြောင်းအနုပညာအလုပ်ဖြစ်တဲ့ မော်ဒယ်လ် အလုပ်ကို ဆက်လက်လုပ်ကိုင်ပြီး မီလီယံနာတစ်ဦးဖြစ်သလို အိမ်ထောင်ကျသွားတဲ့ kylieကတော့ သူမရဲ့ မော်ဒယ်လ်အလုပ်ကို ဆက်မလုပ်ဖြစ်တော့ပါဘူး။

အရပ် (၅) ပေ နဲ့ (၁၁) လက်မရှိပြီး မျက်နာနဲ့ ခန္ဓာကိုယ်ကို ဘာပြုပြင်မှုမှ ပြုပြင်ထားခြင်းမရှိတဲ့ Kendell Jennerဟာinstagramမှာ followers အများဆုံး ဆယ်လီ (၁၅) ယောက် မှာ အပါအဝင်ဖြစ်သလို 2017ခုနှစ် ရဲ့ Forbes top-earning models list (ဝင်ငွေအကောင်းဆုံး မော်ဒယ်လ်) စာရင်း ရဲ့ ပထမနေရာ ယူခဲ့ဖူးတဲ့ World's Highest-Paid Model တစ်ဦးလည်းဖြစ်ပါတယ်။ ဟောလီဝုဒ်ရဲ့ နာမည်ကြီး မော်ဒယ်လ်တစ်ဦး ဖြစ်သလို အနေအထိုင်၊ ဖက်ရှင်လ်မှာ အမြဲ ဟော့နေတဲ့ သူမကတော့ ဒီနှစ် ရဲ့ Victoria Secret Fashion Show 2018 မှာ ထိပ်ဆုံးက ပါဝင်ခဲ့တဲ့ ထိပ်တန်း မော်ဒယ်လ်တစ်ယောက် ဖြစ်ပါတယ်။

သူမနောက်ဆုံး လျှောက်ပေးခဲ့တဲ့ Victoria Secret Show မှာ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံး အိန်ဂျယ် တစ်ဦးဖြစ်လာခဲ့သလို သူမရဲ့ အနုပညာကြေးငှားရမ်းခ တစ်နှစ်တာလုံးစာဟာ 2017 ခုနှစ်၊ ဇွန်လကနေ လက်ရှိ 2018ခုနှစ် ထိ အမေရိကန်ဒေါ်လာ သန်းပေါင်း ($22.5 million) သန်း ရှိပါတယ်။Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက် အရ highest-paid model of 2018 (အနုပညာကြေး အမြင်ဆုံး မော်ဒယ်လ်) စာရင်းမှာ Kendall Jenner ဟာ Top one Model တစ်ယောက် ဖြစ်လာခဲ့သလို Sexy ကျလှလွန်းပြီး ညို့ဓာတ်ပြင်းလွန်းလှတဲ့ မျက်နာကျ၊ အကြည့်တို့နဲ့ အတူ ဇန်နဝါရီလ(၉) ရက်နေ့က တွေ့မြင်ရတဲ့ Kendell Jenner ရဲ့ နောက်ဆုံးပေါ်ရိုက်ကွင်းပြင်ဆင်မှုVideoလေးတွေကို သူမရဲ့ Instagram မှာ မျှဝေထားတာမို့ ပြန်လည်ဖော်ပြလိုက်ရပါတယ်။

source;https://www.billboard.com/

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။