ပရိတ်သတ်ကြီးရေ မော်ဒယ်မိုးမြင့်သဇင်ကတော့ မော်ဒယ်လောကကို စတင်လျှောက်လှမ်းလာတဲ့ တက်သစ်စ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိတ်သတ်တွေအတွက် အမြဲတမ်း အလှအပ အသစ်အသစ်တွေကို ပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။မိုးမြင့်သဇင်ကို ပရိတ်သတ်တွေက ချစ်စနိုးနဲ့ ချီချီလို့ ခေါ်ကြပြီး သူမရဲ့ အလှအပတွေကို ပရိတ်သတ်တွေက သတိထားမိလာကြပါတယ်နော်။

ချီချီရဲ့ အလှတရားတွေက မြင်သူငေးရလောက်အောင် အချိုးအစားကျစ်လစ်ပြီး ချစ်စဖွယ် ဟန်ပန်အမူအရာလေးတွေကြောင့် ပုရိသတွေရဲ့ အသည်းကို ဖမ်းစားနိုင်တဲ့ အရမ်းလန်းတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ချီချီက အလှဓာတ်ပုံတွေအများအပြားကို ရိုက်ရတာနှစ်သက်ပြီး အမြဲတမ်း သူမရဲ့ ဒီဇိုင်းကာလာအမျိုးမျိုးနဲ့ အလှဓာတ်ပုံတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေနေကျဖြစ်ပါတယ်။

ချီချီက ခရီးတွေထွက်ရတာကိုလည်း ဝါသနာပါလို့ ပျော်စရာခရီးလေးတွေကိုလည်း မကြာခဏထွက်လေ့ရှိပါတယ်နော်။အမြဲတမ်းလှနေတဲ့ သူမရဲ့ ပုံရိပ်တွေက ဘယ်အချိန်ကြည့်ကြည့် မရိုးသွားပါဘူးနော်။အခုလည်း မော်ဒယ်မိုးမြင့်သဇင်က အဝါရောင် ဖက်ရှင်လေးကို ဝတ်ဆင်ထားပြီး sexy မဆန်ပေမယ့် အရမ်းဆွဲဆောင်မှုရှိနေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Moe Myint Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။