ပရိသတ်ကြီးရေ.. Banana လို့ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ အဆိုတော်ခြိမ့်ကေကိုကတော့ အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်တွေရဲ့ အားပေးမှုတွေအခိုင်အမာနဲ့ တဖြည်းဖြည်းအောင်မြင်မှုတွေ ရရှိလာတာတွေ့ရပါတယ်..။

ခြိမ့်ကေကိုကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တဖြည်းဖြည်း ရရှိလာပြီး သီချင်းတွေလည်း ဆက်တိုက်လုပ်ဆောင်နေပြီး ကြော်ငြာတွေနဲ့ ဇာတ်လမ်းတိုလေးတွေလည်း ရိုက်ကူးနေတာလည်း မြင်တွေ့ရမှာပါနော်..။

ခြိမ့်ကေကိုကတော့ ရယ်စရာဟာသဗီဒီယိုလေးတွေနဲ့ Tik Tok ဗီဒီယိုလေေးတွလည်း ရိုက်ကူးတတ်ပြီး အခုတစ်ခါမှာလည်း “ဟောက်စား”ရုပ်ရှင်ဇာတ်ကားကြီးထဲက မြင့်မြတ်ရဲ့အိုင်တင်နဲ့ သရုပ်ဆောင်ထားတဲ့ သူ့ရဲ့Tik Tok ဗိဒီယိုလေးကိုလည်း မျှဝေလိုက်ပါတယ်..။

ဟန်ပန်အမူအရာ အိုင်တင်အပြည့်သရုပ်ဆောင်ထားတဲ့ သူ့ရဲ့Tik Tok ဗီဒီယိုဖိုင်လေးကိုတင်ရင်း ဒီကနေ့မှာ စတင်ရုံတင်ပြသနေပြီဖြစ်တဲ့ “ဟောက်စား” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း သွားရောက်အားပေးကြည့်ရှု့ကြဖို့အတွက်လည်း ခြိမ့်ကေကိုက တိုက်တွန်းထားပါသေးတယ်..။

အဆိုတော်ခြိမ့်ကေကိုကတော့ အခုဆိုရင် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိလာပြီး လတ်တလောမှာလည်း သီချင်းတွေ ဆက်တိုက်သီဆိုနေသလို သူ့ရဲ့ "မမရေ.. လွမ်းလို့" သီချင်းလေးကတော့ လူမှုကွန်ယက်မှာ နာမည်ကြီး ရေပန်းစားနေတဲ့ သီချင်းလေးတစ်ပုဒ်ဆိုလည်း မမှားပါဘူး..။

ဝါသနာပါတဲ့ အနုပညာအလုပ်ကို ဇွဲရှိရှိနဲ့ ကြိုးစားနေခဲ့ပြီး ပရိသတ်ကြီးတွေကြား ရေပန်းစားနေတဲ့ အဆိုတော် ခြိမ့်ကေကိုကတော့ အခုဆိုရင် အောင်မြင်မှု လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်နော်..။

Photo - ခြိမ့်ကေကို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။