ကော့တွိုက်ဟာ ဒီရာသီမှာ ချဲလ်ဆီးနဲ့အတူ ပုံစံကောင်းတွေ ပြသနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး၊ တစ်ဖတ်မှာလဲ ဂိုးသမားသစ် ရှာဖွေနေတဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ သူဖြစ်ပါတယ်။ စပိန်ကလာတဲ့ သတင်းတွေအရ ကော့တွိုက်စ်နဲ့ ယူနိုက်တက် ဂိုးသမား ဒီဂီယာတို့ဟာ ရီးရဲမက်ဒရစ်ရဲ့ နွေရာသီ ပစ်မှတ်ကစားသမားတွေဖြစ်တယ်လို့ ဆိုထားပြီး၊ သူတို့နှစ်ဦးထဲက တစ်ဦးဦးကို အရခေါ်ယူသွားဖွယ်ရှိတယ်လို့ ဖော်ပြနေကြပါတယ်။

ချဲလ်ဆီးနည်းပြ ကွန်တီကတော့ သူ့ရဲ့ ကစားသမားကို ဆုံးရှုံးလိုခြင်းမရှိတာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ ညှိနှိုင်းဆွေးနွေးမှုတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ သို့သော်လဲ ရီးရဲမက်ဒရစ်ရဲ့ အနေအထားကြောင့် ကစားသမားကို စာချုပ်သစ်မှာ လက်မှတ်ထိုးစေဖို့အရေး တစ်ပတ်လုပ်ခ ပေါင် 200000 အထိ တိုးမြှင့်ပြီး ဆွဲဆောင်သွားရဖွယ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြလျှက်ရှိနေပါတယ်။ ကော့တွိုက်ရဲ့ လက်ရှိစာချုပ်ဟာ 2019 ခုနှစ်မှာ ကုန်ဆုံးမှာပါ။

Ref: Mail, Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။